• Follow Us on
Latest News

Home ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်တိမ်းမှောက်ပြီး အမျိုးသား ၁ ဦး သေဆုံး

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်တိမ်းမှောက်ပြီး အမျိုးသား ၁ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဩဂုတ် ၂၈

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၇၆/၄) နှင့် (၇၆/၅) ကြားတွင် သြဂုတ်လ ၂၇ ရက်နေ့၊  နံနက် ၁၁ နာရီ ၃၀ အချိန်က ဆီ ဘောက်ဆာယာဉ် တိမ်းမှောက်ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၇၆/၄) နှင့် (၇၆/၅) ကြားတွင် ဆီဘောက်ဆာယာဉ်သည် မျက်နှာချင်းဆိုင်မောင်းနှင်လာသော ဆိုင်ကယ် အားရှောင်ရာမှ လမ်းဘေးသို့ထိုးကျတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာ နေရာအား ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးငြှိမ်း သတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ပြွန်တန်ဆာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၃)စီး၊ ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဝေါမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွာရောက်ငြှိမ်း သတ်ခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန် မီးငြိမ်းခဲ့ကြောင်း သိသည်။

 

အဆိုပါ မီးလောင်မှုကြောင့် ဆီဘောက်ဆာယာဉ်၏ ယာဉ်မောင်း (၁)ဦး သေဆုံး၊ ယာဉ်နောက်လိုက် (၁)ဦး ထိ ခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား စေတနာပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ပြွန်တန်ဆာပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post