ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဘုရားဖူးလာသည့် Townace ယာဉ်ကို ဆီဘောက်ဆာ ယာဉ်မှ အရှိန်လွန်၍ တိုက်မိရာ အမျိုးသား (၂) ဦးသေဆုံး၊ အမျိုးသမီး (၇) ဦးအနက် (၁) ဦးစိုးရိမ်ရ

PUBLISHED - March 18, 2025
နေပြည်တော်၊ မတ် ၁၈
ယနေ့ နံနက် ၈နာရီ ၅၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ၊ ဝမ်းဘဲအင်းကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဘုရားဖူးလာသည့် Townace ယာဉ်ကို ဆီဘောက်ဆာယာဉ်မှ အရှိန်လွန်၍ တိုက်မိရာ အမျိုးသား (၂) ဦးသေဆုံး၊ အမျိုးသမီး (၇) ဦးအနက် (၁) ဦးစိုးရိမ်ရကြောင်း သိရသည်။
ရန်ကုန်မှမန္တလေးလမ်းဟောင်းအတိုင်း ဒိုက်ဦးသို့ မောင်းနှင်လာသည့် ဆီဘောက်ဆာယာဉ်မှာ ဝမ်းဘဲအင်း ကျေးရွာ ဒေးစွန်ပါဘုရားမုဒ်ဦးဝင်ပေါက်တွင် လားရာတူ Townace ယာဉ်မှ လမ်းညာဘက် ဒေးစွန်ပါဘုရား လမ်းအချိုးကွေ့စင် ထိုယာဉ်ကိုဆီဘောက်ဆာယာဉ်မှ အရှိန်လွန်၍ တိုက်မိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နေရာသို့ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ၁၉၁ ယာဉ်(၁)စီး၊ သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် Townace ယာဉ်အားမောင်းသည့် အမျိုးသားအပါ (၂) ဦးသေဆုံးပြီး၊ ထိုယာဉ် နောက်ခန်းတွင် လိုက်ပါလာသည့် အမျိုးသမီး (၇) ဦးအနက် စိုးရိမ်ရသည့် အမျိုးသမီး (၁) ဦးဖြစ်သူ ဒေါ်တင်တင်ခိုင်ကို ရန်ကုန်ပြည်သူ့ဆးရုံံသို့ ဆေးကုသလျက်ရှိကြောင်း သိရသည်။
Photo-Credit
#PeopleMedia