• Follow Us on
Latest News

Home ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲထိုးကျရာမှ အမျိုးသား ၁ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲထိုးကျရာမှ အမျိုးသား ၁ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဩဂုတ် ၂၂

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၇/၅)နှင့် (၇၇/၆)ကြားတွင် Express အဖြူရောင် ယာဉ်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျရာမှ အမျိုးသား ၁ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ ၂၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ်(၇၇/၅)နှင့်(၇၇/၆)ကြားတွင် Express အဖြူရောင်ယာဉ် (၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး မြောင်းထဲထိုးကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ် ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁၀)ဦး၊မ(၅)ဦး၊ ကလေး(၁)ဦး၊ စုစုပေါင်း (၁၆)ဦးအနက် ကျား (၁)ဦး(သေဆုံး)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ ကျန်(၁၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား 192 သူနာတင်ယာဉ်၊ ရှင်သန်မှုလူမှုကူညီရေးအသင်းယာဉ်၊ Light Truck ယာဉ်တို့ဖြင့် မြို့ချောင်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post