• Follow Us on

Home ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ လူ ၄ ဦး သေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ လူ ၄ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၂

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၃၇/၂-၃)ဖာလုံကြားတွင် ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၁၀ အချိန်က ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ လူ ၄ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းရ၍ စကားအင်းအမြန်လမ်း မီးသတ်စခန်းမှတပ်ဖွဲ့ဝင်(၁+၅)ဦး၊ ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်(၁+၄)ဦး၊ စကားအင်းအမြန်လမ်းရဲစခန်းမှ စခမအပါ တပ်ဖွဲ့ ဝင်(၂+၇)ဦးနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းပါ ကျား(၂)ဦး ၊မ(၄)ဦး ပေါင်း(၆)ဦး လိုက်ပါ မောင်းနှင်လာသော TOYOTA MARK II အမျိုးစား(ခဲရောင်)ယာဉ်မှ အရှိန်းမထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော မန္တလေး-နေပြည်တော် ဘက်ခြမ်းသို့ ရောက်ရှိသွားစဉ် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်းပါ ကျား(၁)ဦး၊ မ(၁)ဦး၊ ခလေးမ(၁)ဦး ပေါင်း(၃)ဦး လိုက်ပါမောင်းနှင်လာသော TOYOTA ALLION အမျိုးစား (အဖြူရောင်)ယာဉ်မှ တစ်ဖက်ယာဉ်ကြောမှ ရောက်ရှိလာသော MARK II ယာဉ်အား ခါးလည်းမှ ဝင်ရောက် တိုက်မိကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကြောင့် MARK II ယာဉ်ပေါ်ပါ ကျား(၂)ဦး မ(၄)ဦးအနက်၊ ကျား(၁)ဦး ၊မ(၃)ဦး ပေါင်း(၄)ဦး သေဆုံးပြီး ကျား(၁)ဦး၊ မ(၁)ဦးပေါင်း (၂)ဦး ထိခိုက်ဒဏ်ရာများရရှိကာ TOYOTA ALLION ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၁)ဦး၊ ခလေးမ(၁)ဦး ပေါင်း(၃)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တံတားဦး ပြည့်သူဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post