ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ယာဉ်တိုက်မှုဖြစ်ပွားရာမှ လူ ၂ ဦး သေဆုံး
PUBLISHED - February 19, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁)မိုင် (၃)ဖာလုံတွင် ယနေ့ နံနက် ၆ နာရီ ၄၅ အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာမှ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁ မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ လှည်း ကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂) ဦး သေဆုံးအား medical လူငယ်များအသင်းသူနာ တင်ယာဉ်နှင့် ညာတိသင်္ဂဟအသင်းသူနာတင်ယာဉ်ဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia