• Follow Us on

Home ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Prado ယာဉ်ဘီးပေါက်ကာ အရှိန်းမထိမ်းနိုင်ဘဲ တံတားဝင်တိုက်မိပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Prado ယာဉ်ဘီးပေါက်ကာ အရှိန်းမထိမ်းနိုင်ဘဲ တံတားဝင်တိုက်မိပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၇

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၇၆/၂-၃) ကြားတွင် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၃ နာရီ ၃၀ အချိန်က Prado ယာဉ် ရှေ့ယာဘက်ဘီးပေါက်ကာ အရှိန်းမထိမ်းနိုင်ဘဲ တံတားဝင်တိုက်မိပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းရ၍ ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် (၁+၅) ဦး၊ ပေပင်လေးအမြန်လမ်းရဲစခန်းမှ စခမ မအပါ တပ်ဖွဲ့ဝင် (၁+၉) ဦးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော Pradoအမျိုးစား(ခဲ/ပြာရောင်)ယာဉ်သည် မောင်းနှင်လာစဉ် အဆိုပါမိုင်တိုင်အရောက် ရှေ့ယာဘက်ဘီးပေါက်ကာ အရှိန်းမထိမ်းနိုင်ဘဲ တံတားလက်ရမ်း အား ဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့ပြီး၊ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၃) ဦးအနက် အမျိုးသား (၂) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post