• Follow Us on

Home ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းလယ်ကျွန်ရှိ ကွန်ကရစ်တုံးများအား ဝင်ရောက်တိုက်မိပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းလယ်ကျွန်ရှိ ကွန်ကရစ်တုံးများအား ဝင်ရောက်တိုက်မိပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ မတ် ၁၆

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၁၉၇/၅-၆)ဖာလုံကြားတွင် မတ်လ ၁၅ ရက်နေ့၊ ညနေ ၅ နာရီ ၃၀ အချိန်က ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းလယ်ကျွန်ရှိ ကွန်ကရိဘယ်ရီယာတုံးများအားဝင်ရောက် တိုက်မိ ပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၁၉၇/၅-၆) ဖာလုံကြားတွင် ယာဉ်မတော်ဆမှုဖြစ်ပွားကြောင်း သတင်းရ၍ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၂+၇) ဦး၊ ပ‌လွေးအမြန်လမ်းရဲစခန်းမှ စခမ အပါ တပ်ဖွဲ့ဝင်(၂+၈) ဦးနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော Suzuki Swift အမျိုးစား(အနက်) ရောင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်ရှိ ကွန်ကရစ်တုံးများအား ဝင်ရောက်တိုက်မိကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

 

ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား(၁)ဦး၊ မ(၂)ဦး၊ ပေါင်း(၃)ဦးတို့မှာ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post