ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် LIGHT TRUCK ယာဉ်ကို EXPRESS ယာဉ်မှ အရှိန်းမထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိပြီး အမျိုးသား (၁) ဦး သေဆုံး
PUBLISHED - May 16, 2024
နေပြည်တော်၊ မေ ၁၆
ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် ယနေ့ နံနက် ၄နာရီ ၄၅ အချိန်က ဝက်များတင်ဆောင်လာသည့် LIGHT TRUCKယာဉ်ကို EXPRESS ယာဉ်မှအရှိန်းမထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိပြီး အမျိုးသား (၁)ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၃၈-၆)ဖာလုံအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရ၍ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် (၁+၄)ဦး၊စကားအင်းအမြန်လမ်းရဲစခန်းမှ၊ စခမ မပါတပ်ဖွဲ့ဝင်(၂+၇)ဦးနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့၊ ဝက်များတင်ဆောင်မောင်းနှင်လာသော HINO DUTRO (LIGHT TRUCK)အဖြူရောင် ယာဉ်သည် မိုင်တိုင်အမှတ်(၃၃၈-၆)ဖာလုံအနီးတွင် ရပ်တန့်ထားစဉ် လားရာ တူဘက်မှ မောင်းနှင့်လာသော EXPRESS ယာဉ်မှအရှိန်းမထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိပြီး လမ်း ကျွန်းရှိ ဘယ်ရီယာတုံများအားထပ်မံမိကာ မန္တလေး နေပြည်တော်ဘက်ခြမ်းသို့ရောက်ရှိရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် HINO DUTRO (LIGHT TRUCK)ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၄)ဦးတို့မှာ ထိခိုက်မှုမရှိပဲ၊ EXPRESS ယာဉ်ပေါ်တွင် အမျိုးသား (၉)ဦး၊ အမျိုးသမီး (၄)ဦးအနက် အမျိုးသား (၁)ဦး သေ ဆုံးပြီး အမျိုးသား (၁)ဦးဒဏ်ရာရရှိခဲ့၍ တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် တံတားဦးမြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia