• Follow Us on
Latest News

Home ရန်ကုန်-မန္တလေးအမြန်လမ်းတွင် HYUNDAI ယာဉ် ၁ စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် HYUNDAI ယာဉ် ၁ စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇွန် ၁၇

 

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၁၇/ဝ-၁)ဖာကြားတွင် ယမန်နေ့ ည ၆ နာရီ ၁၅ အချိန်က HYUNDAI ယာဉ်၁စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့သဖြင့် လူ ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မန္တလးဘက်မှ နေပြည်တော် ဘက်သို့ကျား(၄)ဦး၊ မ(၂၁)ဦ ခလေး(၄)ဦး၊ ပေါင်း(၂၈)ဦး စီးနှင်း လိုက်ပါ မောင်းနှင်လာသော HYUNDAI POR TER ll အမျိုးစား(အဖြူ)ရောင်ယာဉ်သည် အဆိုပါမိုင်တိုင် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျတိမ်းမှောက်ရပ်တန့်သွားခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ယာဉ်မောင်းပါ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၂၁)ဦး ကလေး(၄)ဦး၊ စုစုပေါင်း (၂၈)ဦးအနက် အမျိုးသား (၃)ဦး၊ အမျိုးသမီး(၁၂)ဦး၊ ကလေး(၁)ဦး စုစုပေါင်း(၁၆)ဦး ထိခိုက်ဒဏ်ရာများ အသီးသီးရရှိသဖြင့် မထ္တီလာပြည်သူဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

ယာဉ်မတော်ဆမှုဖြစ်ပွားရာနေရာကို ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၁+၄)ဦး၊ ပြင်စည်အမြန် လမ်းရဲစခန်းမှ စခမ အပါတပ်ဖွဲ့ဝင်(၃+၁၀)ဦးနှင့်အတူကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

#PeopleMedia


Share this post