• Follow Us on
Latest News

Home ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် (၂၂) ဘီးယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ တံတားဘေးကာနံရံအား ဝင်ရောက်တိုက်မိပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် (၂၂) ဘီးယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ တံတားဘေးကာနံရံအား ဝင်ရောက်တိုက်မိပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၉

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၂၉/၆) တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၅၀ အချိန်က (၂၂) ဘီးယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ တံတားဘေးကာနံရံအား ဝင်ရောက်တိုက်မိပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၂၉/၆) တွင် (၂၂) ဘီးယာဉ် (၁) စီးသည် ရှေ့ယာဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တံတားဘေးကာနံရံအား ဝင်ရောက်တိုက်မိပြီး ထိုးကျတိမ်း မှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား (၁)ဦး(စိုးရိမ်ရ)နှင့် အမျိုးသား (၁)ဦး(မစိုးရိမ်ရ)တို့အား သုခဓာနလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် နေပြည်တော်ုတင် (၁၀၀၀) ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post