ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် ကုန်တင်ယာဉ် ၂ စီးတိုက်မှုဖြစ်ရာမှ လူ ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - August 28, 2024
နေပြည်တော်၊ ဩဂုတ် ၂၈
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၂/ဝ)နှင့် (၉၂/၁)ကြားတွင် ယနေ့ နံနက် ၅ နာရီ ၅၀ အချိန်က ကုန်တင်ယာဉ် ၂ စီး တိုက်မှုဖြစ်ရာမှ အမျိုးသား ၁ဦး သေဆုံးပြီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၂/ဝ)နှင့် (၉၂/၁)ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Hino Ranger အမျိုးအစား(၆)ဘီး ကုန်တင်ယာဉ်အား လားရာတူ နောက်မှ မောင်းနှင်လာသော Nissan Condor အမျိူးအစား(၆)ဘီး ကုန်တင်ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွား ကြောင်း သတင်းရရှိသဖြင့် မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် Nissan Condor ယာဉ်ပေါ်ပါ ယာဉ်မောင်း (၁)ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့၍ ရဲတပ်ဖွဲ့ပိုင်သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
#PeopleMedia