ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် ခရီးသည်တင်ယာဉ်မှ အိမ်စီးကားအား ဝင်တိုက်မိရာမှ လူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - August 29, 2024
နေပြည်တော်၊ သြဂုတ် ၂၉
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၉၇/၂) နှင့် (၉၇/၃) ကြားတွင် ယနေ့ နံနက် ၇ နာရီ ၂၀ အချိန်ခန့်က ခရီးသည်တင်ယာဉ်မှ အိမ်စီးအား ဝင်တိုက်မိရာမှ လူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၉၇/၂) နှင့် (၉၇/၃) ကြားတွင် ခရီးသည် တင်ယာဉ်(၁)စီး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ Toyota Belta အမျိုးအစား (ခဲရောင်ယာဉ်)အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်ပါ အမျိုးသား (၅)ဦး၊ အမျိုးသမီး (၅)ဦး အနက် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး Toyota Belta ယာဉ်မှ ယာဉ်မောင်း အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိ၍ စုစုပေါင်း ထိခိုက်ဒဏ်ရာရရှိသူ (၇)ဦးအား မြို့ချောင်းတိုက်နယ် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia