ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

PUBLISHED - October 11, 2024
နေပြည်တော်၊ အောက်တိုဘာ ၁၁
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃၄/၅) နှင့် (၂၃၄/၆) ကြားတွင် ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ အချိန်ခန့်က ခရီးသည် ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၁၁)ဦး၊ အမျိုးသမီး (၁၄)ဦး၊ စုစုပေါင်း(၂၅)ဦးအနက် ယာဉ်ပေါ်ပါ အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းပိုင် သူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာကို ဘုရားတောင်အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#PeopleMedia