• Follow Us on

Home ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရွှေမန်းသူအဝေးပြေးယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရွှေမန်းသူအဝေးပြေးယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၉

 

ရန်ကုန်-မန္တလေး အမြန်လမ်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၉၂/၁-၂) ဖာလုံကြားတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရွှေမန်းသူအဝေးပြေးယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်အမျိုးသမီး ၁ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော YUTONG အမျိုးစား(ခရမ်းရောင်) EXPRESS ခရီးသည်တင်ယာဉ်မှာ မိုင်တိုင်အမှတ်(၉၂/၁-၂) ဖာလုံကြား အရောက်တွင် ယာဉ်မောင်းအိပ်ငိုက်၍ ယာဘက်မြေသာလမ်းပေါ်သို့ရောက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း‌ပေါ်သို့ ရောက်ရှိကာ အလျား လိုက်လဲကျတိမ်းမှောက်ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်‌ပေါ်တွင် ယာဉ်‌မောင်းအပါအဝင် ကျား (၁၂)ဦး၊ မ (၁၁)ဦးပေါင်း (၂၃) ဦး အနက် မ (၁)ဦး အခင်ဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ ကျား (၄)ဦး၊ မ (၆)ဦး စုစုပေါင်း (၁၀)ဦးတို့မှာ ထိခိုက် ဒဏ်ရာအသီးသီးရရှိသဖြင့် မြို့‌ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

ယာဉ်မ‌တော်တဆမှုဖြစ်ပွားရာ နေရာအား မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် (၁+၅)ဦး၊ မြို့ ချောင်းအမြန်လမ်းရဲစခန်းမှ စခမ အပါတပ်ဖွဲ့ဝင်(၂+၅)ဦးနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post