ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် လမ်းလျှောက်နေသော အမျိုးသား ၁ ဦး ယာဉ်တိုက်ခံရပြီး သေဆုံး
PUBLISHED - September 19, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၉
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၇၁/ဝ) ဖာလုံအနီးတွင် စက်တင်ဘာလ ၁၈ ရက် ၄ နာရီ ၃၀ မိနစ်အချိန်က လမ်းလျှောက်နေသော အမျိုးသား ၁ ဦး ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော TOYOTA MARK X အမျိုးအစား (ခဲရောင်)ယာဉ်မှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၇၁/ဝ)ဖာလုံအရောက်တွင် လမ်းနံဘေး တွင် လမ်းလျှောက်နေသော ကျား (၁) ဦးအား ဝင်ရောက်တိုက်မိခဲ့ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့်၊ TOYOTA MARK X ယာဉ်ပေါ်တွင် ယာဉ်ပါ ကျား (၂) ဦးတို့မှာ ထိခိုက်မှုမရှိပဲ လမ်းနံ ဘေးတွင် လမ်းလျှောက်နေသော ကျား (၁) ဦးမှာ အခင်းဖြစ်နေတွင် သေးဆုံးခဲ့၍ ဆွာနာရေးကူညီမှု အသင်း ယာဉ်ဖြင့် ဆွာမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#PeopleMedia