ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် EXPRESS ယာဉ်အရှိန်မထိန်းနိုင်ဘဲ Alphard ယာဉ်အား ဝင်တိုက်မိရာမှ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

PUBLISHED - November 10, 2023
နေပြည်တော်၊ နိုဝင်ဘာ ၁၀
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၄၅/၄-၅)ဖာလုံကြားတွင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်က EXPRESS ယာဉ် အရှိန်မထိန်းနိုင်ဘဲ TOYOTA Alphard ယာဉ်အား ဝင်တိုက်မိရာမှ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှမောင်းနှင်လာသော (ရန်ကုန်-တာချီလိတ်ယာဉ်လိုင်း YUTONG အမျိုးအစား EXPRESS ခရီးသည်တင်ယာဉ်မှာ အခင်းဖြစ်နေရာအရောက် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ကျော် တက်ကာ၊ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင့်လာသော TOYOTA Alphard အမျိုးစား(အဖြူ ရောင်) ယာဉ်အား ဝင်ရောက်တိုက်မိပြီး၊ တံတားဘောင်အား ထပ်မံဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် Expressယာဉ်ပေါ်တွင် ခရီးသည်ကျား(၁၄)ဦး၊ မ(၁၅)ဦးပေါင်း(၂၉)ဦးမှာ ဒဏ်ရာရရှိ မှုမရှိပဲ Toyota Alphard ယာဉ်ပေါ်တွင်၊ ကျား (၁) ဦး၊ မ (၁) ဦးအနက် မ (၁) ဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် EMS 192 လူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#PeopleMedia