ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် Express ခရီးသည်တင်ယာဉ်အား ၆ ဘီးယာဉ်မှနောက်မှဝင်တိုက်မိပြီး အမျိုးသား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိ

PUBLISHED - December 11, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၉၇/၁-၂)ဖာလုံကြားတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၂ နာရီ ၄၀ အချိန်က Express ခရီးသည်တင်ယာဉ်အား ၆ ဘီးယာဉ်မှ နောက်မှ ဝင်တိုက်မိပြီး အမျိုးသား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့၊မောင်းနှင်လာသော Yutong အမျိုးစား(အနီရောင်) Express ခရီးသည်တင်ယာဉ်သည် ရှေ့ယာဘက်ဘီး ဒရမ်ပြတ်၍ လမ်း၏ယာဘက် ယာဉ်ကြောပေါ်တွင် ရပ်တန့်ထား စဉ်၊ လားရာတူနောက်မှ မောင်းနှင်လာသော Nissan Cindor အမျိုးစား(ဖြူ/စိမ်းရောင်) ၆ဘီးယာဉ်မှ နောက်မှ ဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မိမှုကြောင့် Express ယာဉ်ပေါ်တွင် အမျိုးသား (၃)ဦးအနက်၊ အမျိုးသား (၁)ဦးထိခိုက်ဒဏ်ရရှိပြီး၊ Nissan Cindor ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၂)ဦးအနက် (၁)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ပြီး၊ ကျန်(၁)ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိသဖြင့် တပ်ဖွဲ့ပိုင်းယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ပြည်သူ့ ဆေးရုံ သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် ၅ ဦး၊ မြို့ချောင်းအမြန် လမ်းရဲစခန်းမှ စခမ အပါ တပ်ဖွဲ့ဝင် ၇ ဦးနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
#PeopleMedia