ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် (၁၀) ဘီးယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
PUBLISHED - December 18, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၂၉/၇) အနီးတွင် ယနေ့ နံနက် ၂ နာရီ ၂၀ အချိန်က (၁၀) ဘီးယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့၊မောင်းနှင်လာသော Hono Profia(၁၀)ဘီးဖြူ/ပြာရောင် ဘောက်ကားယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်းမထိန်းနိုင် လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင် ရောက်တိုက်မိပြီး မီးလောင်၍ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ယာဉ်မီးလောင်မှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရ၍ ဗောဓီကုန်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၁+၄)ဦး၊ ၁၁၅မိုင်အမြန်လမ်းမီးသတ်စခန်းမှ(၂+၄)ဦး ဗောဓီကုန်းအမြန်လမ်းရဲစခန်းမှ စခမ အပါ တပ်ဖွဲ့ဝင်(၂+၅)ဦးနှင့် အတူ၊ မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#PeopleMedia