ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Hijet ယာဉ်တစ်စီး ယာဉ်မတော်တဆမှုဖြစ်ရာမှ ၁ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - January 2, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၁၆/၂-၁) ဖာလုံကြားတွင် ဇန်နဝါရီ ၁ ရက်နေ့၊ ညနေ ၄ နာရီ ၅၅ မိနစ်အချိန်က Hijet ယာဉ်တစ်စီး ယာဉ်မတော်တဆမှုဖြစ်ရာမှ အမျိုးသား ၁ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Hijet အမျိုးအစား(အဖြူရောင်)ယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် ရှေ့ဝဲဘက်ဘီးပေါက်ပြီး လမ်းလယ်ကျွန်းတွင် ကာရန်ထားသော ဘယ်ရီယာ ကပ်တုံးအား ဝင်ရောက်တိုက်မိ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါ ကျား (၄)ဦး၊ မ (၅)ဦး စုစုပေါင်း (၉)ဦး အနက် ကျား (၁)ဦးသေဆုံးကာ ကျား (၃)ဦး မ (၅)ဦး စုစုပေါင်း (၈)ဦးတို့မှာ ထိခိုက်ဒဏ်ရာများ အသီသီရှိခဲ့ပြီး၊ EMS 192 လူနာတင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#PeopleMedia