• Follow Us on

Home ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ် (၁) စီး ရှေ့ဝဲဘက်ဘီးပေါက်ပြီး အပင်ကိုဝင်တိုက်မှုကြောင့် ယာဉ်မောင်း သေဆုံးမှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ် (၁) စီး ရှေ့ဝဲဘက်ဘီးပေါက်ပြီး အပင်ကိုဝင်တိုက်မှုကြောင့် ယာဉ်မောင်း သေဆုံးမှုဖြစ်ပွား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၆

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၈၄/၄-၅)ဖာလုံကြားတွင် ယာဉ် (၁) စီး ရှေ့ဝဲဘက်ဘီး ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကိုဝင်တိုက်မှုကြောင့် ယာဉ်မောင်းသေဆုံးမှု ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၃ နာရီ ၂၀ အချိန်က ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ အမျိုးသား (၁) ဦးထဲ မောင်းနှင်လာသော Kluger အမျိုးစား (အဖြူရောင်)ယာဉ်မှာ အခင်းဖြစ်နေရာအရောက်တွင် ရှေ့ဝဲဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း လယ်ကျွန်ရှိ ထန်းပင်နှင့် ခရေပင်သို့အား ဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကြောင့် ယာဉ်‌မောင်းမှာ ထိခိုက်ဒဏ်ရာများရှိခဲ့၍ ရွှေဂုံသုခပရဟိတ အသင်းပိုင်းယာဉ်ဖြင့် နေပြည် တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post