• Follow Us on
Latest News

Home ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ၆ ဘီးကုန်တင်ယာဉ် ၂ စီးယာဉ်မတော်တဆမှုဖြစ်ပွား၊ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ၆ ဘီးကုန်တင်ယာဉ် ၂ စီးယာဉ်မတော်တဆမှုဖြစ်ပွား၊ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၉

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၀၂/၆-၇)ဖာလုံကြားတွင် ယနေ့ နံနက်အစောပိုင်း အချိန်က ၆ ဘီးကုန်တင်ယာဉ် ၂ စီး ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း(၁)ဦး ယာဉ်နောက်လိုက်(၁)ဦးတို့ လိုက်ပါ လာသော ပုဆိုးအဝတ်ထည်များ တင်‌ဆောင်လာသည့် Nissan Condorအမျိုးစား(အဖြူရောင်) ၆ ဘီးကုန် တင်ယာဉ်အား ပန်းဂေါ်ဖီထုပ်များတင်ဆောင်လာသည့် Isuzu Forwoardအမျိုးစား(ဖြူ/ပြာရောင်) ၆ဘီးကုန် တင်ယာဉ်မှ ယာဉ်မောင်းအိပ်ငိုက်ပြီး နောက်မှဝင်ရောက်တိုက်မိခဲ့သဖြင့် ရှေ့Nissan Condorယာဉ်မှ တစ်ပတ်လည်တိမ်းမှောက်ကာ လမ်းမြေသာလမ်းပေါ်လဲကျပြီးနောက် Isuzu Forwoardယာဉ်မှ လမ်းဘေရှိ ကုက္ကိုပင်အား ဝင်ရောက်တိုက်မိကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကြောင့်၊Nissan Condorယာဉ်မှ၊ ယာဉ်မောင်းပါ ကျား(၂)ဦးမှာ ထိခိုက်မှုမရှိသော်လည်း Isuzu Forwoardယာဉ်ပေါ်မှ ကျား(၂)ဦးမှာ ထိခိုက်ဒဏ်ရာများရသဖြင့် ပလွေးအမြန်လမ်းမီးသတ်ပိုင် လူနာ တင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ပြည့်သူဆေးရုံကြီးသို့ပိုဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post