• Follow Us on

Home ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် Toyota Kluger ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ကာ လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် Toyota Kluger ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ကာ လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၄

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၅၅/၂-၃) ဖာလုံကြားတွင် နိုဝင်ဘာ ၃ ရက်နေ့၊ ၅ နာရီ ၁၅ အချိန်က ယာဉ်မ‌တော်တဆမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ ဝင် (၁+၄) ဦး ဘုရားတောင်အမြန်လမ်းရဲစခန်းမှ စခမရဲအုပ်အပါ တပ်ဖွဲ့ဝင် (၃+၈) ဦးနှင့်အတူ ကယ်ဆယ် ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော Toyota Kluger အမျိုးစားအနက်ရောင် ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်းမထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ တက်ရောက်ကာ တိမ်းမှောက် ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

 

ယာဉ်တိမ်း‌မှောက်မှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်ပါ ကျား (၂) ဦး၊ မ (၃) ဦး၊ ပေါင်း (၅)ဦးအနက် ကျား (၂) ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိသဖြင့်၊ နေပြည်တော်ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေး ခဲ့‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post