• Follow Us on
Latest News

Home ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဘုရားဖူးယာဉ်အား KNU/PDF မှ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဘုရားဖူးယာဉ်အား KNU/PDF မှ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၃

 

ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမ မိုင်တိုင်(၁၃၂/၅) နှင့် (၁၃၂/၆)တွင် ယနေ့ နံနက် ၆ နာရီကျော်အချိန်က ဘုရားဖူးယာဉ်တစ်စီးအား KNU/PDF များမှ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးဝဏ္ဏကျော်မောင်းနှင်လာသော ဘုရားဖူးပြည်သူများအား ပို့ဆောင်ပေးသည့် လိုက် ထရပ်အမျိုးအစား အဖြူရောင် ဘုရားဖူးယာဉ်သည် ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမကြီး၏ မိုင်တိုင် (၁၃၂/၅) နှင့် (၁၃၂/၆)အကြား အရောက်တွင် KNU/PDF များ၏  မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဦးဝဏ္ဏကျော်တွင် လည်ပင်း ဖောက်ဝင် ဒဏ်ရာ အပါအဝင်  စိုးရိမ်ဒဏ်ရာရရှိပြီး၊ မထက်ထက်အောင်တွင် မိုင်းစထိမှန်ဒဏ်တို့ ရရှိခဲ့သဖြင့်  ဒဏ်ရာရရှိသူ ၂ ဦးအား ဒေသခံကူညီမှုအသင်းမှ နီးစပ်ရာဆေးရုံသို ကူညီပိုဆောင်ပေးခဲ့ ကြောင်းနှင့် ယာဉ်မှာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post