• Follow Us on

Home ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် KNU/PDF အဖွဲ့မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ကြောင့် ခရီးသည်ယာဉ်တစ်စီးမီးလောင်ပျက်စီး

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် KNU/PDF အဖွဲ့မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ကြောင့် ခရီးသည်ယာဉ်တစ်စီးမီးလောင်ပျက်စီး

Share this post

နေပြည်တော်၊ မေ ၁၆

 

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မေလ ၁၅ ရက်၊ နေ့လည် ၁ နာရီကျော် အချိန်ခန့်က KNU/PDF အကြမ်း ဖက်အဖွဲ့များမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ခရီးသည်ယာဉ်တစ်စီးပေါ် ကျရောက်ပေါက်ကွဲမှု ကြောင့် ခရီးသည်တင်ယာဉ်မှာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမမှ ဒုံဝန်းကျေးရွာသွားလမ်းသွယ်၊ ရေဝေကျေးရွာအား KNU/PDF များမှ ၆၀ မမ ဗုံးသီး ၁ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ  ရေဝေကျေးရွာတွင် ရပ်ထားသော ရန်ကုန်-မြဝတီ ပြေးဆွဲသည့် ပြည့်အားမာန် ယာဉ်လိုင်းမှ ယာဉ်နံပါတ် BGO-11 4K/1440၊ HIGER အမျိူးအစား အဖြူရောင်(အန်စာတုံး) ကားပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကားရှေ့အမိုးပေါက်ပြဲ၊ ရှေ့လေကာမှန်ကွဲ၊ ကားအတွင်းထိုင်ခုံများ မီးလောင်ခဲ့ကြောင်းနှင့် ကာလတန်ဖိုး သိန်း ၂၀၀ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ ဗုံးခွဲပျက်စီးခံထားရသည့် ကျုံအိတ်တံတားသည် မေလ ၁၅ ရက်နေ့မှစတင်၍ ယာဉ်ငယ်များ ဖြတ်သန်းသွားလာနေပြီးဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post