• Follow Us on
Latest News

Home ရန်ကုန်- မော်လမြိုင်ကားလမ်းရှိ ကမာဆိုင်တံတားကို စစ်သွေးကြွ KNU/PDF အဖွဲ့ဝင်တွေ ထပ်မံမိုင်းခွဲ

ရန်ကုန်- မော်လမြိုင်ကားလမ်းရှိ ကမာဆိုင်တံတားကို စစ်သွေးကြွ KNU/PDF အဖွဲ့ဝင်တွေ ထပ်မံမိုင်းခွဲ

Share this post

နေပြည်တော်၊ ဩဂုတ် ၂

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နှင့် သထုံမြို့ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ ကမာဆိုင် ကွက်သစ်ကျော် တံတားကို စစ်သွေးကြွ KNU/PDF အဖွဲ့ဝင်များက ထပ်မံမိုင်းခွဲခဲ့ကြောင်း သိရသည်။

 

ယနေ့ ဩဂုတ်လ (၂)ရက် နံနက်ပိုင်းက သံကူကွန်ကရစ်တံတားဖြစ်သည့် ကမာဆိုင်ကွက်သစ်ကျော်တံတားကို စစ်သွေးကြွ KNU/PDF အဖွဲ့ဝင်များက မိုင်းခွဲခဲ့ခြင်းဖြစ်ပြီး တံတားပျက်စီးသွားသဖြင့် ကားများ သွားလာ၍ မရကြောင်း သိရသည်။

 

အဆိုပါတံတားသည် ယခင်  ဖျက်ဆီးခံရသည့် မစောတံတားအနီးတွင်ရှိပြီး လက်ရှိအချိန်တွင် မိုးများ ရွာသွန်းထားသောကြောင့် ကျေးရွာပတ်လမ်းများ ပျက်စီးနေသဖြင့် သွားလာ၍ မရဘဲ ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်ရှိ ကားများသည် သထုံမြို့ တစ်ဖက်တစ်ချက်တွင် ပိတ်မိနေကြောင်း သိရသည်။

 

#PeopleMedia


Share this post