• Follow Us on
Latest News

Home ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များအား ယာယီဖျက်သိမ်းထားဦးမည်

ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များအား ယာယီဖျက်သိမ်းထားဦးမည်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂

 

ပဲခူးလမ်းပိုင်းအတွင်း ရထားလမ်းရေကျသွားပြီဖြစ်သော်လည်း နောင်ပတ္တရာနှင့် ကလိဘူတာကြားတွင် ရထား လမ်းပိုင်း ရေတိုက်စားထားသောနေရာများအား ပြုပြင်စစ်ဆေးရဦးမည် ဖြစ်ပါသဖြင့် အောက်တိုဘာလ ၁၂ ရက်နေ့ မော်လမြိုင်ဘူတာကြီးမှထွက်ခွာမည့်အမှတ် (၈၂)အစုန်မော်လမြိုင်-ရန်ကုန်ရထားနှင့် ရန်ကုန်ဘူတာ ကြီးမှ ထွက်ခွာမည့်အမှတ် (၈၁) အဆန် ရန်ကုန်- မော်လမြိုင် ရထားခရီးစဉ်များအား ယာယီဖျက်သိမ်းထားဦး မည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။

 

ရေတိုက်စားထားသော လမ်းပိုင်းအားပြုပြင်စစ်ဆေးပြီးမှသာ ရထားများ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးသွား မည်ဖြစ်ပြီး၊ ရထားများပြန်လည်ပြေးဆွဲမည့်ရက်အားအချိန်နှင့် တပြေးညီ တင်ပြသွာမည်ဖြစ်ကြောင်း သိရ သည်။

 

ပဲခူးလမ်းပိုင်းအတွင်း ရထားလမ်း ရေကျော်နေပါသဖြင့် အောက်တိုဘာလ ၉ ရက်နေ့မှစ၍ မော်လမြိုင်ဘူတာ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များအား ယာယီဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia


Share this post