ရန်ကုန်-မော်လမြိုင်လမ်းဟောင်းတွင် ပေါင်မုန့်ပို့သည့် ယာဉ်တစ်စီး ဝါယာရှော့ဖြစ်၍ ယာဉ်တစ်စီးလုံး မီးလောင်မှုဖြစ်ပွား

PUBLISHED - March 26, 2025
နေပြည်တော်၊ မတ် ၂၆
ရန်ကုန်-မော်လမြိုင်လမ်းဟောာင်း၊ ကျောက္ကလပ်ကျေးရွာနားတွင် ပေါင်မုန့်ပို့သည့် ယာဉ်တစ်စီး ဝါယာရှော့ဖြစ်၍ ယာဉ်တစ်စီးလုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့မတ်လ ၂၆ ရက် နေ့လည် ၁ နာရီအချိန်တွင် သိမ်ဇရပ်မြို့အနီး ရန်ကုန် ရန်ကုန်-မော်လမြိုင်လမ်း ဟောာင်း၊ ကျောက္ကလပ်ကျေးရွာနားတွင် ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ သိမ်ဇရပ်မြို့မီးသတ်တပ်ဖွဲ့နှင့်အတူ မြို့ခံလူမှုကူညီရေးအသင်းမှ ဝိုင်းဝန်းငြှိမ်းသတ်ရာ နေ့ခင်း ၁ နာရီ ၃၀ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
“ပေါင်မုန့်ပို့ပြီး အပြန်မှာလောင်တာ။ ဝါယာရှော့ဖြစ်ပြီးလောင်တာ။ ပေါင်မုန့်တစ်ဝက်ကတော့ မီးလောင်ထဲပါတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ People Media သို့ဖြေကြားသည်။
အဆိုပါယာဉ်မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာမရရှိကြောင်းလည်း သိရသည်။
Photo – Credit
#PeopleMedia