ရန်ကုန်-မော်လမြိုင်-ရန်ကုန် သီတင်းကျွတ်အထူးရထားအစုန်/အဆန် ထပ်တိုးပြေးဆွဲပေးမည်
PUBLISHED - October 25, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၅
သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ရထားစီးခရီးသွားများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြန့်မာ့ မီးရထားမှ အောက်တိုဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာ ၃၀ ရက်နေ့အထိ ရန်ကုန်-မော်လမြိုင်-ရန်ကုန် သီတင်းကျွတ်အထူးရထား အစုန်/အဆန်ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။
၎င်းအထူးရထား၏ ရထားအမှတ်အား ၈၂အစုန် မော်လမြိုင်-ရန်ကုန် အထူးရထား အမည်ဖြင့် ပြေးဆွဲပေးသွား မည်ဖြစ်ပြီး မော်လမြိုင်ဘူတာမှ နံနက် ၉ နာရီ ၃၀ တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ည ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်များအား အထက်တန်း (၃) ရက်ကြိုတင်၍လည်းကောင်း ရိုးရိုးတန်း (၁)ရက်ကြိုတင်၍ လည်းကောင်း မော်လမြိုင်ဘူတာကြီး ရက်ကြို လက်မှတ်ရုံတွင် နံနက် ၇ နာရီမှ နေ့လည် ၃ နာရီ ထိရောင်းချပေးသွားမည် ဖြစ် ပြီး၊ လက်မှတ်ခများမှာ မော်လမြိုင်-ရန်ကုန်သို့ ရိုးရိုးတန်း (၃၅၅၀) ကျပ်နှင့် အထက်တန်း (၇၀၅၀) ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မှတ်ပုံတင်မှုရင်းဖြင့်သာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
၎င်းရထားရပ်တန့်ဘူတာများမှာ မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်ကလေး ဘူတာများတွင်ရပ်တန့် ပေးသွားမည်ဖြစ်ပြီး၊ ယခင်မော်လမြိုင်မှ ရန်ကုန်သို့ပြေးဆွဲလျက်ရှိသောအမှတ် (၈၂) အစုန်ရထားအား ပုံမုန် အတိုင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia