• Follow Us on
Latest News

Home ရန်သူ့ဒရုန်းနဲ့ မိမိဒရုန်း ခွဲခြားဖော်ထုတ်တဲ့စနစ် ရုရှားဒီဇိုင်းရေးဆွဲထုတ်လုပ်

ရန်သူ့ဒရုန်းနဲ့ မိမိဒရုန်း ခွဲခြားဖော်ထုတ်တဲ့စနစ် ရုရှားဒီဇိုင်းရေးဆွဲထုတ်လုပ်

Share this post

နို်င်ငံတကာ၊ ဒီဇင်ဘာ ၂၂

 

တပ်ချင်းမှားယွင်းပစ်ခတ်မဖြစ်စေရေးရှောင်ရှားနိုင်ဖို့အတွက် ရန်သူ့ဒရုန်း/မိမိဒရုန်း ခွဲခြားဖော်ထုတ်တဲ့ ဒရုန်း အခြေပြုစနစ်တစ်ခုကို ရုရှားနိုင်ငံ RPC Pulsar ကုမ္ပဏီက ဒီဇိုင်းရေးဆွဲထုတ်လုပ်လိုက်ပါတယ်။

 

အဲဒီအသေးစားအသံဖမ်း/လွှင့်စက်ဟာ အမြင့် ၃ မိုင် (၅ ကီလိုမီတာ) နဲ့ အကွာအဝေး ၆၂ မိုင် (ကီလိုမီတာ ၁၀၀) မှာရှိတဲ့ ဒရုန်းတစ်စင်းကို ရှာဖွေဖော်ထုတ်နိုင်ကြောင်း မိခင်ကုမ္ပဏီဖြစ်တဲ့ Rostec ကုမ္ပဏီက ပြောပါ တယ်။

 

အဲဒီ ရန်သူ့ဒရုန်း/မိမိဒရုန်း ခွဲခြားဖော်ထုတ်တဲ့စနစ်ကို လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးပြီဖြစ်ပြီး အများအ ပြားထုတ်လုပ်ဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း Topwar မီဒီယာက ပြောပါတယ်။

 

ရန်သူ့ဒရုန်းလား/ မိမိတပ်ဖွဲ့ဒရုန်း ရှာဖွေဖော်ထုတ်နိုင်တဲ့ အဲဒီစနစ်ရဲ့စွမ်းရည်ဟာ ဒရုန်းအသုံးပြုမှု ပိုမိုကျယ်ပြန့် လာတဲ့ ယူကရိန်းစစ်ပွဲအတွင်း ရုရှားဒရုန်းစွမ်းရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

 

ဒီစနစ်ရဲ့ အလေးချိန်က ၁၅၀ ဂရမ် (၅.၂ အောင်စဝန်းကျင်) ရှိပြီး ဓာတ်အားသုံးစွဲမှုပမာဏက ၁၀၀ မီလီဗို့လ်တ် (ဝ.၁ ဗို့လ်) သာရှိတဲ့အတွက် စစ်မြေပြင်မှာ စစ်မြေပြင်မှာ အသုံးပြုဖို့ သင့်တော်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ရုရှားတပ်တွေ အများအပြားသုံးစွဲနေတဲ့ ဆိုဗီယက်ခေတ်ထုတ် Parol IFF system (ရန်သူ/မိမိတပ် ခွဲခြားဖော်ထုတ်တဲ့စနစ်) နဲ့ သဟဇာတဖြစ်တဲ့ ဒီစနစ်ရဲ့ စွမ်းရည်က နောက်ထပ်အားသာချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

 

“ဒရုန်းတွေကို အခုအချိန်မှာ စစ်မြေပြင်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။ ဒရုန်းတွေကို တိုက်ပွဲ အ ကဲကြည့်ဖို့၊ စောင့်ကြည့်ထောက်လှမ်းဖို့နဲ့ တိုက်ခိုက်ရေးတာဝန်တွေမှာ အသုံးပြုနေကြပါတယ်။” လို့ RPC Pulsar ကုမ္ပဏီရဲ့ အထွေထွေညွှန်ကြားရေးမှူး ဆာဂျီဘိုရိုဗွိုင်က ပြောပါတယ်။

 

“ဒါပေမဲ့ အခုလိုဒရုန်းတွေကို များသောအားဖြင့် နှစ်ဖက်စလုံးက စစ်မြေပြင်မှာအသုံးပြုနေကြပါတယ်။ အဲဒီလို အသုံးပြုနေတဲ့အတွက် ဒရုန်းတွေကို ခွဲခြားဖော်ထုတ်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ အခုလို ရန်သူ/မိမိတပ် ခွဲခြား ဖော်ထုတ်တဲ့စနစ်က ရန်သူ့ဒရုန်းလား/ မိမိဒရုန်းလားဆိုတာကို ခွဲခြားဖော်ထုတ်ရာမှာ အထောက်အကူပြုသွား မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Russia Develops Drone-Mounted ‘Friend or Foe’ System

 

#PeopleMedia


Share this post