ရန်သူ ဘယ်နေရာမှ ပုန်းကွယ်လို့မရအောင် ဖော်ထုတ်နိုင်တဲ့ AI သူလျှိုကိရိယာတစ်ခု ထုတ်လုပ်နိုင်ပြီဖြစ် ကြောင်း တရုတ်ပြော
PUBLISHED - February 9, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၉
စစ်မြေပြင်မှာ ရန်သူတပ်တွေအနေနဲ့ ဘယ်နေရာမှာမှ ပုန်းကွယ်နေလို့မရအောင် ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိတဲ့ AI နည်းပညာ (ဉာဏ်ရည်တုနည်းပညာ) တစ်ခုကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ အဲဒီ အီလက်ထ ရောနစ်စစ်ဆင်ရေးကိရိယာဟာ ရန်သူ့လှုပ်ရှားမှုနဲ့ ရန်သူ့စစ်လက်နက်ပစ္စည်းတွေကို “အချိန်တိုင်း ကျယ်ပြန့်တဲ့ လှိုင်းခွင်ကနေ တောက်လျှောက်” စောင့်ကြည့်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
အဲဒီကိရိယာဟာ မိမိတပ်ဖွဲ့ဝင်တွေထံ အနှောင့်အယှက်ကင်းကင်းနဲ့ ဆက်သွယ်နိုင်ပြီး ရန်သူ့တည်နေရာတွေကို အလွန်လျင်မြန်တဲ့နှုန်းနဲ့ ရှာဖွေဖော်ထုတ်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီအီလက်ထရောနစ်ကိရိယာဟာ အမေရိကန်တပ်မတော်ကထုတ်လွှင့်နေတဲ့ ဆက်သွယ်ရေးစနစ်တွေကို ဖမ်းယူပြီး ခွဲခြမ်းစိတ်ဖြာနိုင်တဲ့အပြင် အမေရိကန်စစ်တပ်အနေနဲ့ အရပ်ဘက်လှိုင်းနှုန်းတွေကို အလျင်အမြန် ပြောင်းလွဲအသုံးပြုသည့်တိုင် ဖမ်းယူစိစစ်နိုင်တယ်လို့ စီမံချက်ဦးဆောင်သိပ္ပံပညာရှင် ယောင်ခိုင်က ပြောပါ တယ်။
အမေရိကန်စစ်တပ်ရဲ့အသံလွှင့်ချက်တွေကို ကြားဖြတ်ဖမ်းယူပြီး နှောင့်ယှက်နိုင်ပြီဆိုတာနဲ့ ဒီကိရိယာဟာ စစ် မြေပြင်က အမေရိကန်စစ်တပ်ရဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေကို ထိခိုက်သွားအောင် ဆောင်ရွက်နိုင်စွမ်းရှိတယ်လို့ ယောင်ခိုင်က ပြောပါတယ်။
လုပ်ငန်းစဉ်ဆောင်ရွက်ဖို့အတွက် အလွန်ကြီးမားတဲ့ သတင်းအချက်အလက်အများအပြားလိုအပ်တာကြောင့် အခုလိုစွမ်းရည်မျိုးတွေရှိတဲ့ သူလျှိုနည်းပညာတစ်ခုကို တီထွင်ဖန်တီးဖို့ မဖြစ်နိုင်ဘူးလို့ ကနဦးက ထင်ခဲ့မိ ကြောင်း အဲဒီကိရိယာကိုထုတ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်အဖွဲ့က ပြောပါတယ်။
သမရိုးကျစောင့်ကြည့်လေ့လာတဲ့နည်းစနစ်တွေကို ပုံမှန်အားဖြင့် ၎င်းတို့အသုံးပြုနေတဲ့ hardware တွေက ကန့်သတ်ထားပြီး အဲဒီနည်းစနစ်တွေဟာ လှိုင်းခွင် ၄၀ ကနေ ၁၆၀ ကြားကိုပဲ ဖမ်းယူစိစစ်နိုင်တယ်လို့ ၎င်းတို့ က ပြောပါတယ်။
ဒါပေမဲ့ အခုထုတ်လုပ်လိုက်တဲ့ နည်းပညာသစ်ကိရိယာကတော့ အီလွန်မတ်ရဲ့ Starlink ဂြိုဟ်တုအပါအဝင် ဂစ်ဂါဟာ့ဇ်အကွာအဝေး (၁ ဂစ်ဂါဟာ့ဇ် = ၁၀၀၀ မီဂါဟာ့ဇ်) မှာရှိတဲ့ လှိုင်းနှုန်းတွေကို အဆက်မပြတ်ထောက် လှမ်းနိုင်တယ်လို့ ဆိုပါတယ် ဒါ့အပြင် အရပ်ဘက်ထုတ်လွှင့်ချက်တွေနဲ့ စစ်ဘက်ထုတ်လွှင့်ချက်တွေကို ခွဲခြားဖော်ထုတ်ပြီး မျိုးတူရာသတင်း အချက်အလက်တွေကို စုဖွဲ့ရာမှာ ဒီကိရိယာရဲ့ ဆောင်ရွက်မှုစွမ်းရည်ကို မြှင့်တင်ဖို့အတွက် AI နည်းပညာကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။
ဒီအီလက်ထရောနစ်သူလျှိုကိရိယာဟာ တခြားကိရိယာတွေနဲ့ နှိုင်းယှဉ်ရင် အရွယ်အစားသေးငယ်ပြီး စွမ်း ဆောင်ရည်မြင့်မားတဲ့အပြင် ဓာတ်အားသုံးစွဲမှုနည်းပါးတဲ့အတွက် စစ်မြေပြင်မှာ ထူးခြားတဲ့အပြောင်းအလဲတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်တွေက ပြောပါတယ်။
Ref: China Says New AI-Enabled Spy Tech Gives Enemies ‘Nowhere to Hide’
#PeopleMedia