ရပ္နားထားေသာ လုပ္ကြက္အတြင္း ေရမေဆး ေက်ာက္ရွာေဖြသူတစ္ဦး ေက်ာက္ခဲထိမွန္ ေသဆုံး

PUBLISHED - August 7, 2020
ဖားကန႔္၊ ၾသဂုတ္ ၆
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ စေပါ့ေက်း႐ြာ အနီးရွိ ျမန္မာသူရ ေက်ာက္မ်က္ ကုမၸဏီ၏ ရာသီသိမ္းခ်ိန္ လုပ္ငန္း ရပ္နားထားေသာ လုပ္ကြက္အတြင္း ယမန္ေန႕ ေန႕လယ္ပိုင္းက ေရမေဆး ေက်ာက္ရွာေဖြသူတစ္ဦး ေက်ာက္ခဲထိမွန္ ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေသဆုံးသူမွာ လွဝင္းျပည့္(၁၉)ႏွစ္၊ (ဘ)ဦးေက်ာ္မ်ိဳး၊ စေပါ့ေက်း႐ြာ၊ ဆိပ္မူအုပ္စု၊ ဖားကန႔္ၿမိဳ႕နယ္ေနသူျဖစ္ၿပီး ၎သည္ ယမန္ေန႕၊ ၾသဂုတ္ ၅ ရက္ ေန႕လယ္ပိုင္းက ျမန္မာသူရ ေက်ာက္မ်က္ကုမၸဏီ လုပ္ကြက္ ကမ္းပါးယံ ေအာက္တြင္ ေရမေဆးေက်ာက္ ရွာေဖြ ေနစဥ္ အျမင့္ေပ (၁၅၀)ခန႔္မွ အေလးခ်ိန္(၅၀)ပိႆာခန႔္ရွိ ေက်ာက္ခဲ ႐ုတ္တရတ္ က်လာၿပီး ထိမွန္၍ ေသဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အခင္းျဖစ္ပြားရာသို႔ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္ရႈ စစ္ေဆးခဲ့ရာ ေသဆုံးသူ လွဝင္းျပည့္ ဆိုသူတြင္ ဦးေခါင္း ေပါက္ၿပဲ ေသြးထြက္၊ ဝဲ/ယာနား ေသြးထြက္၊ ယာေျခေထာက္ပြန္းရွ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိေၾကာင္း သိရသည္။
တာဝန္ရွိသူမ်ားက ေသဆုံးသူ၏ ႐ုပ္အေလာင္းကို ရဲေဆးစာျဖင့္ ဖားကန႔္ျပည္သူ႕ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၾကၿပီး ဖားကန႔္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၄၃/၂၀၂၀) ဖြင့္ အမႈဖြင့္ကာ စုံစမ္း စစ္ေဆးလွ်က္ရွိသည္။
လူေမာ္
#PeopleMedia
[Unicode]
ရပ်နားထားသော လုပ်ကွက်အတွင်း ရေမဆေး ကျောက်ရှာဖွေသူတစ်ဦး ကျောက်ခဲထိမှန် သေဆုံး
……………………………………………………………………………..
ဖားကန့်၊ သြဂုတ် ၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာ အနီးရှိ မြန်မာသူရ ကျောက်မျက် ကုမ္ပဏီ၏ ရာသီသိမ်းချိန် လုပ်ငန်း ရပ်နားထားသော လုပ်ကွက်အတွင်း ယမန်နေ့ နေ့လယ်ပိုင်းက ရေမဆေး ကျောက်ရှာဖွေသူတစ်ဦး ကျောက်ခဲထိမှန် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ လှဝင်းပြည့်(၁၉)နှစ်၊ (ဘ)ဦးကျော်မျိုး၊ စပေါ့ကျေးရွာ၊ ဆိပ်မူအုပ်စု၊ ဖားကန့်မြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ယမန်နေ့၊ သြဂုတ် ၅ ရက် နေ့လယ်ပိုင်းက မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက် ကမ်းပါးယံ အောက်တွင် ရေမဆေးကျောက် ရှာဖွေ နေစဉ် အမြင့်ပေ (၁၅၀)ခန့်မှ အလေးချိန်(၅၀)ပိဿာခန့်ရှိ ကျောက်ခဲ ရုတ်တရတ် ကျလာပြီး ထိမှန်၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ သေဆုံးသူ လှဝင်းပြည့် ဆိုသူတွင် ဦးခေါင်း ပေါက်ပြဲ သွေးထွက်၊ ဝဲ/ယာနား သွေးထွက်၊ ယာခြေထောက်ပွန်းရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း သိရသည်။
တာဝန်ရှိသူများက သေဆုံးသူ၏ ရုပ်အလောင်းကို ရဲဆေးစာဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ဖားကန့်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၄၃/၂၀၂၀) ဖွင့် အမှုဖွင့်ကာ စုံစမ်း စစ်ဆေးလျှက်ရှိသည်။
လူမော်