ရပ်စောက်တွင် PDF အဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းပေါက်ကွဲသဖြင့် မူးယစ်တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိ
PUBLISHED - July 18, 2023
နေပြည်တော်၊ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ (၁၁) မိုင်ကျေးရွာနှင့် ထင်းကွင်းကျေးရွာ ကြား ရပ်စောက် – အင်တောသွား ကားလမ်းတွင် PDF အဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းပေါက်ကွဲသဖြင့် မူးယစ်တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့သည်။
ဇူလိုင်လ (၁၆) ရက် နေ့လယ် (၂) နာရီ (၄၅) မိနစ်ခန့်က မူးယစ်တပ်ဖွဲ့ဝင်များသည် ရပ်စောက် – အင် တောသွားကားလမ်းတွင် ကားများကို စစ်ဆေးနေစဉ် ကားလမ်းဘေးမှ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း (၃) လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ လက်လုပ်မိုင်းများ ပေါက်ကွဲမှုကြောင့် မူးယစ်တပ်ဖွဲ့ဝင် ငါးဦး(မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ယင်းနောက်တွင် အဆိုပါ လက်လုပ်မိုင်းများ ပေါက်ကွဲသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ က ရှင်းလင်းရာတွင် မပေါက်ကွဲသေးသည့် PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးနှင့် (၈၁)မမ ဗုံးသီးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
#PeopleMedia