• Follow Us on
Latest News

Home ရပ်စောက်မြို့နယ်တွင် ကျပ် ၁၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိ

ရပ်စောက်မြို့နယ်တွင် ကျပ် ၁၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ငွေကျပ် ၁၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်-အင်တောသွားကားလမ်း၊ ထင်းကွင်းကျေးရွာအနီး တွင် စောင့်ဆိုင်းနေစဉ် အင်တောမှ ရပ်စောက်ဘက်သို့ သတင်းရရှိထားသော ဇော်ဝင်းသိန်း မောင်းနှင်ပြီး ထူးဝင့်မောင် လိုက်ပါလာသည့် HILUX မော်တော်ယာဉ်နှင့် အောင်ပြည့်စုံဦး(ခ)ပြည့်စုံ မောင်းနှင်ပြီး မထူးထူး အောင် တို့လိုက်ပါလာသည့် CANTER ၆ ဘီး မော်တော်ယာဉ်တို့ ရောက်ရှိလာသဖြင့် ရှာဖွေခဲ့ရာ CANTER ၆ ဘီး မော်တော်ယာဉ်ပေါ်တွင် မီးသွေးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိတရားခံများ၏ ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်ခိုင်းသူ အောင်ကျော်မျိုး(ခ)ရဲထွဋ်(ခ)ရှမ်းလေး အား ရွှေညောင်မြို့၊ ပြည်ထောင်စုလမ်း၊ နယ်မြေ(၂)ရှိ ၎င်း၏ နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာမှ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့သို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post