ရပ်ထားသည့်တွဲယာဉ်ကို ဟိုက်ဂျက်ယာဉ်မှ တိုက်မိရာ အမျိုးသမီး(၁) ဦးသေ၊ (၃) ဦးဒဏ်ရာရ

PUBLISHED - January 23, 2025
နေပြည်တော်၊ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ (၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် တောင်ငူလမ်းထောင့်တွင် ရပ်ထားသည့်တွဲယာဉ်ကို ဟိုက်ဂျက်ယာဉ်မှ အရှိန်လွန်၍ တိုက်မိရာ အမျိုးသမီး(၁) ဦးသေဆုံးပြီး၊ (၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၃ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ လူတစ်ဦးညှပ်နေကြောင်း သတင်း ရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ယာဉ်(၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်းကူညီမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
“စုစုပေါင်း ၅ ယောက်။ ယာဉ်မောင်းက ပွန်းပဲ့ဒဏ်ရာရတယ်။ ယာဉ်ခေါင်းမှာ လိုက်လာတဲ့အမျိုးသမီးတစ်ဦး သေတယ်။ အသက် (၁၄)နှစ်အရွယ်ရှိတဲ့ မိန်းကလေးက ဦးခေါင်းကွဲတယ်။ နောက်ထပ် (၁၅) နှစ်ဝန်းကျင်ရှိတဲ့ ကောင်လေးက လက်ကျိုးတယ်။ ကျန်တစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး” လို့ မြေပြင်အားသွားရောက် ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အဆိုပါဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံနှင့် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia