• Follow Us on
Latest News

Home ရမည်းသင်းမြို့နယ် မြင်းနားကျေးရွာအနီးတွင် ရေစီးနှင့်အတူမျောပါလာသော ရုပ်အလောင်း (၇) လောင်း တွေ့ရှိ

ရမည်းသင်းမြို့နယ် မြင်းနားကျေးရွာအနီးတွင် ရေစီးနှင့်အတူမျောပါလာသော ရုပ်အလောင်း (၇) လောင်း တွေ့ရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအနီးတွင် ရေစီးနှင့်အတူ မျောပါလာသော ရုပ်အလောင်း (၇) လောင်း တွေ့ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ယနေ့ နံနက်၉နာရီ အချိန် ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအနီးတွင် ရေစီးနှင့်အတူ မျောပါလာသော ရုပ်အလောင်း(၇)ဦး တွေ့ရှိရသဖြင့် ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 

ရမည်သင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အိမ်ထောင်စု (၁၅၁၁၃)စု၊ ကျား(၂၃၉၉၅)ဦး၊ မ(၂၉၉၇၇)ဦး၊ စုစုပေါင်း (၅၃၉၇၂)ဦး ရေဘေးသင့်ခဲ့ပြီး ဆည်ကြီးကျေးရွာ အုပ်စုအတွင်း ဆည်ကြီး ကျေးရွာမှ ကျား(၁)ဦး၊ ညောင်အိုင်ကျေးရွာမှ မ(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ ကျား(၂)ဦး၊ မ(၄)ဦး၊ ရွှေနန်းပေါ်ကျေးရွာမှ မ(၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ မ(၁)ဦး၊ စုစုပေါင်း (၁၀)ဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

အဆိုပါ ရေဘေးသင့်ပြည်သူများအား ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီး ကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်း စသည့်ရေဘေးရှောင်နေရာများနှင့် နီးစပ်ရာ ဆွေမျိုးထံသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်၊၊

 

#PeopleMedia


Share this post