• Follow Us on

Home ရသေ့တောင်မြို့တွင် ကျောင်းဆရာမတစ်ဦး လည်လှီးသတ်ဖြတ်ခံရ

ရသေ့တောင်မြို့တွင် ကျောင်းဆရာမတစ်ဦး လည်လှီးသတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ ပန်းဖော်ပြင်ရွာအနီးရှိ ကားလမ်းမတွင် ကျောင်းဆရာမတစ်ဦး လည်လှီးသတ်ဖြတ်ခံရကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၆ ရက် နံနက်ခင်းအချိန်တွင် ပန်းဖော်ပြင်ကျေးရှိ စာသင်ကျောင်းသို့သွားစဉ် ထိုကျေးရွာ အနီးရှိ ကားလမ်းမတွင် သတ်ဖြတ်ခံရပြီး ၎င်းကိုမည်သူများမှ သတ်ဖြတ်သွားသည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

 

ထိုသတ်ဖြတ်ခံရသည့် ကျောင်းဆရာမမှာ အသက် (၃၅) နှစ်ခန့် မနှင်းယုမေဖြစ်ပြီး၊ ၎င်းမှာ ကျွန်းပေါ် ပေါက်တောကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post