• Follow Us on

Home ရဟတ်ယာဉ်ပျက်ကျသွားတဲ့ အီရန်သမ္မတရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ သေဆုံးသွားပြီဖြစ်ကြောင်း အစိုးရ မီဒီယာထုတ်ပြန်ကြေညာ

ရဟတ်ယာဉ်ပျက်ကျသွားတဲ့ အီရန်သမ္မတရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ သေဆုံးသွားပြီဖြစ်ကြောင်း အစိုးရ မီဒီယာထုတ်ပြန်ကြေညာ

Share this post

နိုင်ငံတကာ၊ မေ ၂၀

 

အီရန်သမ္မတအီဘရာဟမ်ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမီယာအဗ္ဗဒူလာဟီယန်တို့ ရဟတ်ယာဉ်ပျက်ကျ မှုမှာ သေဆုံးသွားပြီဖြစ်ကြောင်း အစိုးရကမီဒီယာက တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

 

ရဟတ်ယာဉ်ပျက်ကျတဲ့နေရာမှာ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် တစ်ဦးမှအသက်ရှင်တဲ့လက္ခဏာ မ တွေ့ရကြောင်း အစိုးရမီဒီယာက ပြောပါတယ်။ “အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးကို သယ်ယူပို့ဆောင်ပေးတဲ့ ရဟတ်ယာဉ်ပါ စီးနင်းလိုက်ပါသူအားလုံး ယုံ ကြည်ချက်ကြောင့် အသက်စွန့်သွားကြပြီဖြစ်ပါတယ်။” လို့ Mehr သတင်းဌာနက ပြောပါတယ်။

 

အီရန်သမ္မတဟာ အမျိုးသားလုံခြုံရေးဆုံးဖြတ်ချက်တွေမှာ အဓိကအဆုံးအဖြတ်ပေးတဲ့သူမဟုတ်ဘဲ အီရန် နိုင်ငံခြားရေးမူဝါဒကို အမြင့်ဆုံးခေါင်းဆောင်နဲ့ အီရန်တပ်မတော်က ဆုံးဖြတ်တာဖြစ်ကြောင်း ဂျီနီဗာရှိ လုံခြုံ ရေးမူဝါဒစင်တာက အမှုဆောင်အဖွဲ့ဝင် အလီအမာဒီက CNBC သတင်းဌာနကို ပြောပါတယ်။

 

“အီရန်နိုင်ငံခြားရေးမူဝါဒရဲ့ အရေးကြီးတဲ့အစီအစဉ်တွေကတော့ ထူးထူးခြားခြား ပြောင်းလဲသွားဖွယ်ရာမရှိပါ ဘူး။” လို့ အမာဒီက ပြောပါတယ်။

 

ရိုင်စီဟာ အီရန်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အဇာဘိုင်ဂျန်နိုင်ငံ ပြည်နယ်က ဆည်တစ်ခုဖွင့်ပွဲမှာ တနင်္ဂနွေနေ့က မိန့်ခွန်းပြောပြီး ပြန်လာစဉ် အီရန်နိုင်ငံ ဗလာဇကန်ဒေသမှာ ရဟတ်ယာဉ်ပျက်ကျခဲ့တာဖြစ်ကြောင်း အီရန် အစိုး ရသတင်းဌာန IRNA က ပြောပါတယ်။

 

အရှေ့ပိုင်းအဇာဘိုင်ဂျန်အုပ်ချုပ်ရေးမှူး မာလစ်ရာမတီနဲ့ ရိုင်စီရဲ့ကိုယ်ရံတော်တပ်ဖွဲ့လည်း ရဟတ်ယာဉ်ပေါ်မှာ ပါလာပါတယ်။

 

အီရန်သမ္မတရဲ့ ရဟတ်ယာဉ်အဖွဲ့မှာ ရဟတ်ယာဉ် ၃ စင်းပါဝင်ပြီး ၂ စင်းကတော့ ဘေးကင်းလုံခြုံစွာ ပြန်လည် ဆင်းသက်လာနိုင်ကြောင်း Tasnim သတင်းဌာနက ပြောပါတယ်။

 

ရိုင်စီရဲ့ ရဟတ်ယာဉ်နဲ့ တစ်နာရီခွဲလောက် ဆက်သွယ်မှုပြတ်တော်သွားကြောင်း၊ ရိုင်စီဟာ ရေနံစီမံချက်တစ်ခု အတွက် တာဘရစ်ဇ်မြို့ကိုသွားဖို့ စီစဉ်ထားကြောင်း အီရန်ဒုတိယသမ္မတ မိုရှန်မန်ဆူရီက ပြောပါတယ်။

 

ရာသီဥတုဆိုးရွားပြင်းထန်မှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

 

တူရကီနဲ့ ရုရှားက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ လေယာဉ်တွေပို့ပေးခဲ့တယ်လို့ ဆိုပါ တယ်။ အသက် ၆၃ နှစ်အရွယ် သဘောထားပြင်းထန်တဲ့ ကွန်ဆာဗေးတစ်နိုင်ငံရေးသမား ရိုင်စီဟာ ၂၀၁၇ ခုနှစ်မှာ အရွေးမခံရဘဲ ၂၀၂၁ ခုနှစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။

 

Ref: Iran’s President Raisi and Foreign Minister Amirabdollahian killed in helicopter crash, state media says

 

#PeopleMedia


Share this post