• Follow Us on
Latest News

Home ရဟတ်ယာဉ်မောင်းနှင်နေစဉ်အတွင်း ကင်ဆာဖြစ်စေတဲ့ဓာတ်ငွေ့တွေကို ရှူရှိုက်ခဲ့ရတဲ့အတွက် ဗြိတိန်ရဟတ် ယာဉ်မှူးတွေက ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကို တရားစွဲ

ရဟတ်ယာဉ်မောင်းနှင်နေစဉ်အတွင်း ကင်ဆာဖြစ်စေတဲ့ဓာတ်ငွေ့တွေကို ရှူရှိုက်ခဲ့ရတဲ့အတွက် ဗြိတိန်ရဟတ် ယာဉ်မှူးတွေက ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကို တရားစွဲ

Share this post

နိုင်ငံတကာ၊ ဇွန် ၅

 

စစ်သုံးရဟတ်ယာဉ်တွေကထွက်တဲ့ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ဓာတ်ငွေ့တွေကို ရှုရှိုက်မိထားကြောင်း စစ်ဆေး ခံခဲ့ပြီးနောက် ဗြိတိန်ရဟတ်ယာဉ်မှူးအများအပြားက ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကို တရားစွဲဆိုလိုက်ပါ တယ်။

 

ဗြိတိန်နိုင်ငံ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့သုံးခုစလုံးက အငြိမ်းစားရဟတ်ယာဉ်မှူးတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင် ဆဲရဟတ်ယာဉ်မှူး ၄၀ ကျော်မှာ အဆုတ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာနဲ့ လည်ချောင်းကင်ဆာနဲ့ သွေးဖြူဥစနစ်ထဲ က အကြိတ်ကင်ဆာဝေဒနာတွေကို ခံစားနေရကြောင်း ပြောပါတယ်။

 

ရဟတ်ယာဉ်အင်ဂျင်တွေရဲ့ ဘန်ဇင်းဓာတ်ဆေးရည်ကထွက်တဲ့ ဓာတ်ငွေ့ဟာ ကင်ဆာရောဂါဖြစ်စေတဲ့ ဓာတ် ငွေ့တစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီဓာတ်ငွေ့တွေရှုရှိက်မိထားတဲ့ ရဟတ်ယာဉ်မှူးဟောင်း ၃ ဦးထက်မနည်း ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ပြီး ပြီဖြစ်ကြောင်း တရားစွဲဆိုထားတဲ့ရဟတ်ယာဉ်မှူးတွေရဲ့ ရှေ့နေတွေက ပြောပါတယ်။

 

လာမယ့်သီတင်းပတ်တွေအတွင်း နောက်ထပ် တရားစွဲဆိုမယ့်သူတွေ ပေါ်လာနိုင်သေးတယ်လို့ မျှော်လင့်ထား ကြောင်း The Times က ပြောပါတယ်။

 

ရဟတ်ယာဉ်မှူးဟောင်း ၅ ဦးကတော့ တရားစွဲဆိုခြင်းမပြုဘဲ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အလွတ်သဘော ဖြေရှင်းဖို့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

 

၁၉၉၉ ခုနှစ်ကမောင်းနှင်ခဲ့တဲ့ ပင်လယ်ဘုရင် (Sea King) ရဟတ်ယာဉ်တွေရဲ့ အင်ဂျင်ကထွက်တဲ့ဓာတ်ငွေ့ တွေဟာ အန္တရာယ်ရှိမှန်း ကာကွယ်ရေးဝန်ကြီးဌာနက သိခဲ့ပေမဲ့ ကြိုတင်ကာကွယ်မှု ဘာတစ်ခုမှဆောင်ရွက် ခဲ့ခြင်းမရှိခဲ့ဘူးလို့ တရားစွဲဆိုထားတဲ့ ရဟတ်ယာဉ်မှူးတွေက ပြောပါတယ်။

 

“ရဟတ်ယာဉ်မှူးတွေ အဲဒီအန္တရာယ်ရှိတဲ့ဓာတ်ငွေ့တွေကို အများအပြားရှုရှိုက်ထားမိပြီဆိုတာ ကာကွယ်ရေးဝန် ကြီးဌာနက သိပေမဲ့ Sea King ရဟတ်ယာဉ်မှူးတွေကို အသိမပေးခဲ့ပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာနက ရဟတ် ယာဉ်မှူးတွေ မသိအောင် ဖုံးကွယ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ရဟတ်ယာဉ်မှူးတွေရဲ့ မိသားစုဝင်တစ်ဦးဖြစ် သူ လီဆာဒေါနတ်ဂီရဲ့ ပြောစကားကို The Times က ကိုးကားဖော်ပြထားပါတယ်။

 

“တာဝန်ရှိသူတွေဟာ ကြိုတင်ကာကွယ်ဖို့ ဘာမှလုပ်မပေးခဲ့ဘူး။ အဲဒီအိပ်ဇောကို ရွှေ့ပြီး ရဟတ်ယာဉ်ကို အ ဆင့်မြှင့်တင်ပြုပြင်တာမျိုးလည်း မလုပ်ခဲ့ဘူး။

 

၂၀၁၈ ခုနှစ် မတိုင်ခင်အထိ အဲဒီရဟတ်ယာဉ်ကို အနားပေးတာ မျိုးလည်း မလုပ်ခဲ့ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

Sea King ရဟတ်ယာဉ်အပြင် တခြား Westland Wessex ရဟတ်ယာဉ်၊ Puma ရဟတ်ယာဉ်နဲ့ CH-47 Chinook ရဟတ်ယာဉ်တွေလည်း အန္တရာယ်ရှိတဲ့ဓာတ်ငွေ့ထုတ်လွှတ်မှုရဟတ်ယာဉ်တွေထဲမှာပါဝင်ကြောင်း တရားစွဲဆိုသူတွေက ပြောပါတယ်။

 

Westland Wessex ရဟတ်ယာဉ်ကို ၂၀၀၃ ခုနှစ်မှာ အနားပေးခဲ့ပြီဖြစ်ပေမဲ့ ကျန်တဲ့ Puma ရဟတ်ယာဉ်နဲ့ CH-47 Chinook ရဟတ်ယာဉ်တွေကတော့ ဗြိတိန်တပ်မတော်မှာအသုံးပြုနေဆဲဖြစ်ပါတယ်။

 

“ရဟတ်ယာဉ်မှူးတွေ အန္တရာယ်ရှိနေတာကို တာဝန်ရှိသူတွေ သိနေပါတယ်။ ဒါလည်း ဆက်ပြီးခိုင်းနေတာပါပဲ။ သူတို့ဟာ လူတွေကို အန္တရာယ်တွင်းထဲ တွန်းပို့နေတဲ့သူတွေပါ။” လို့ ကင်ဆာရောဂါနဲ့ သေဆုံးသွားပြီဖြစ်တဲ့ ရဟတ်ယာဉ်မှူးတစ်ဦးရဲ့ဇနီးဖြစ်သူ ကလဲမက်နော်တန်က ပြောပါတယ်။

 

ကလဲရဲ့ခင်ပွန်းဖြစ်သူ ကိုင်မက်နော်တန်ဟာ Puma ရဟတ်ယာဉ်နဲ့ Chinook ရဟတ်ယာဉ်တွေကို မောင်းနှင်ခဲ့ ပြီး သွေးကင်ဆာနဲ့ သေဆုံးခဲ့သူဖြစ်ပါတယ်။

 

Ref: British Military Pilots Sue UK Govt over Carcinogenic Helicopter Exhaust

 

#PeopleMedia


Share this post