• Follow Us on

Home ရာဇဝတ်မှု မှတ်တမ်းဓါတ်ပုံနဲ့ ဒေါ်လာ ၇ သန်းကျော်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဒေါ်နယ်ထရမ့်

ရာဇဝတ်မှု မှတ်တမ်းဓါတ်ပုံနဲ့ ဒေါ်လာ ၇ သန်းကျော်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဒေါ်နယ်ထရမ့်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၈

 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးမှု ကမ်ပိန်မှာ ထရမ့်ရဲ့ ရာဇဝတ်မှု မှတ်တမ်း ဓာတ်ပုံပါတဲ့ လူအသုံးဆောင်ပစ္စည်းတွေကို ရောင်းချပြီး ရန်ပုံငွေ ဒေါ်လာ ၇ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါ တယ်။

 

၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ခြယ်လှယ်ဖို့ အခြားတရားခံ ၁၈ ဦးနဲ့ ပူးပေါင်းခဲ့တယ်လို့ စွပ်စွဲချက်နဲ့  ထရမ့် ဟာ သြဂုတ် ၂၄ ရက်နေ့က အတ္တလန်တာ ဖူလ်တန်ကောင်တီ  အကျဉ်းထောင်အတွင်းမှာ မိနစ်  ၃၀ ခန့် ထိန်း သိမ်းခံခဲ့ရပြီး မှတ်တမ်းဓါတ်ပုံရိုက်ခံခဲ့ရတာဖြစ်ပါတယ်။

 

အမေရိကန်သမိုင်းမှာ ပထမဆုံးရာဇဝတ်မှု မှတ်တမ်းဓါတ်ပုံရိုက်ခံလိုက်ရတဲ့ သမ္မတဟောင်းအဖြစ်တဲ့ ဒေါ် နယ်ထရမ့်ပုံပါတဲ့ ပစ္စည်းတွေကို ရောင်းချချိန်မှာ သောကြာနေ့ တစ်ရက်ထဲ အမေရိကန်ဒေါ်လာ ၄.၁၈ သန်း ရရှိခဲ့တယ်လို့ ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတိဗ်က  ပြောပါတယ်။

 

စတင်ရောင်းချချိန်မှာ တီရှပ်တစ်မျိုးထဲသာ ရောင်းချခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဖန်ခွက်တွေ၊ မျက်မှန်တွေ၊ ထရမ့်ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ ပိုစတာတွေနဲ့ အရုပ်တွေကိုပါ နာရီပိုင်းအတွင်းရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ref; aljazeera

 

#PeopleMedia


Share this post