ရာဇ၀တ်မှုဖြင့် စုံစမ်းစစ်ဆေးမှုက ကင်းလွတ်ခဲ့ပြီးနောက် အစိုးရဘက်က ပြန်တောင်းပန်ရန် အိန္ဒိယ ဆရာဝန်တစ်ဦးတောင်းဆို

PUBLISHED - September 28, 2019
ကလေးငယ်များစွာသေဆုံးမှုအတွက် အပြစ်တင်ခံခဲ့ရတဲ့ အိန္ဒိယဆရာဝန်တစ်ဦးဟာ စုံစမ်းစစ်ဆေးမှုမှာ တာဝန်ပျက်ကွက်ခဲ့မှုမရှိကြောင်းအတည်ပြုခဲ့ပြီးနောက် အစိုးရဘက်က ၄င်းက ပြန်တောင်းပန်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဒေါက်တာ ကာဖီလ် ခန်း ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ဥတာပရာဒေ့ရှ်ပြည်နယ်က အစိုးရဆေးရုံတစ်ရုံမှာ ကလေးငယ်တစ်ကျော် သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ အာမခံရရှိခဲ့ပေမယ့် ဒေါက်တာ ကာဖီလ်ဟာ ရာဇ၀တ်မှုနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ အစိုးရရဲ့ စာမျက်နှာ ၁၅ မျက်နှာပါ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာထွက်ပေါ်လာခဲ့ပြီးနောက် အပြစ်က ကင်းလွတ်ချိန်မှာတော့ ကာဖီလ်က အစိုးရဘက်က ပြန်တောင်းပန်ဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
မတော်တမှုဖြစ်ရပ်မှာ သေဆုံးခဲ့တဲ့ ကလေးငယ်တွေဟာ မွေးကင်းစကလေးငယ်တွေဖြစ်ကြပြီး ကနဦး ငွေမပေးနိုင်ဖို့ အောက်ဆီဂျင်ပိုက်တွေဖြုတ်ပစ်ခံခဲ့ရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ကြပါတယ်။
Ref;BBC