ရာထူးကမဆင်းခင် ယူကရိန်းအတွက် ဒေါ်လာဘီလျံပေါင်းများစွာကူညီဖို့ ဘိုင်ဒန် တက်သုတ်ရိုက်စီစဉ်နေ
PUBLISHED - November 7, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၇
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လာမယ့်ဇန်နဝါရီလ ရာထူးကမဆင်းခင် ယူကရိန်းအတွက် စစ်ရေးအကူအညီ တွေကို ဒေါ်လာဘီလျံ ပေါင်းများစွာ တက်သုတ်ရိုက်ပေးခဲ့ဖို့ အိမ်ဖြူတော်က စီစဉ်နေကြောင်း သတင်းရင်းမြစ် တွေက နိုဝင်ဘာ ၆ ရက် နေ့က ပြောပါတယ်။
“အစိုးရအဖွဲ့ဟာ ယူကရိန်းကို အင်အားအတောင့်တင်းဆုံး အနေအထားတစ်ခုအထိ ရောက်အောင် ဇန်နဝါရီလ အစိုးရသက်တမ်းမကုန်ခင်မှာ ဆောင်ရွက်ပေးသွားခဲ့ဖို့ စီစဉ်နေပါတယ်။” လို့ အမည်မဖော်လိုတဲ့ ထိပ်တန်းအစိုး ရအရာရှိကြီးတစ်ဦးက ပြောပါတယ်။
ဘိုင်ဒန်က ယူကရိန်းကိုကူညီနေတာကို ထရမ့်က တောက်လျှောက်ဝေဖန်နေတဲ့အတွက် ရီပတ်ဘလီကန်အစိုး ရတက်လာခဲ့ရင် သမ္မတဗလာဒီမာဇီလန်စကီးရဲ့ ယူကရိန်းအစိုးရကို အနာဂတ်ကာလမှာ ဆက်လက်ထောက်ပံ့ ရေးအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
ဒါပေမဲ့ ဧပြီလအတွင်းက အမေရိကန်လက်နက်တိုက်ထဲက ဒေါ်လာ ဘီလျံနဲ့ချီတဲ့ စစ်လက်နက်ပစ္စည်းတွေ လွှဲပြောင်းပေးရေးအတွက် ဘိုင်ဒန်ကို လုပ်ပိုင်ခွင့်ပေးဖို့အပါအဝင် ယူကရိန်းအတွက် အကူအညီတွေကို ရီပတ် ဘလီကန်တွေ လွှမ်းမိုးထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က နောက်ဆုံးအကြိမ် ထောက်ခံခွင့်ပြုခဲ့ပါတယ်။
ဧပြီလက အာဏာပိုင်တွေကို ခွင့်ပြုခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ အရင်အသုံးစရိတ်တွေထဲက လွှတ် တော်အမတ်တွေခွင့်ပြုခဲ့တဲ့ ဒေါ်လာ ၂.၈ ဘီလျံနဲ့ ကုမ္ပဏီတွေကနေ လက်နက်သစ်တွေ ဝယ်ယူဖို့အတွက် ခွင့် ပြုပေးထားတဲ့ ဒေါ်လာ ၂ ဘီလျံ အပြင် နောက်ထပ် ဒေါ်လာ ၄.၃ ဘီလျံ ကျန်ရှိနေသေးတယ်လို့ဆိုပါတယ်။
စုစုပေါင်း ဒေါ်လာ ၉ ဘီလျံ တန်ကြေးရှိတဲ့ စစ်ရေးအကူအညီဟာ ယူကရိန်းလက်နက်တိုက်ကို သိသိသာသာ အားဖြည့်ပေးနိုင်တဲ့ ပမာဏဖြစ်ပါတယ်။
ဘိုင်ဒန်ရဲ့အစီအစဉ်ကို ပထမဦးဆုံး စတင်ရေးသားခဲ့တာ Politico မီဒီယာဖြစ်ပြီး ဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ အိမ်ဖြူတော်က ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
အမေရိကန်အစိုးရဟာ လာမယ့်လပိုင်းအတွင်းမှာ လော့ဟိမာတင်နဲ့ ရေသီယွန်ထုတ် ဂျာဗီလင်တင့်ဖျက် ဒုံးကျည်တွေနဲ့ တခြားခဲယမ်းတွေကို ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။
မြေပြင်စစ်ပွဲမှာ ရုရှားတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ယူကရိန်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် General Dynamics Corp ထုတ် ၁၅၅ မမ မြောက်တွေလိုအပ်သလို မြေပြင်သုံးစစ်ယာဉ်တွေလည်း လိုအပ်ပါ တယ်။
ဒါ့အပြင် HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာတွေမှာ ထည့်သွင်းပစ်ခတ်တဲ့ GMLRS မြေပြင်-မြေပြင်ပစ် ရော့ ကက်တွေလည်း လိုအပ်ပါတယ်။
အိမ်ဖြူတော်နဲ့ ကွန်ဂရက်လွှတ်တော်တစ်ဝက်လောက်ကို ရီပတ်ဘလီကန်တွေ ထိန်းချုပ်ထားလိုက်တာနဲ့ အ ထူးသဖြင့် ယူကရိန်းနိုင်ငံ စစ်မြေပြင်ဒုက္ခတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်အစိုးရက ယူကရိန်းအတွက် နောက်ထပ်အကူအညီတွေ ပေးတော့မှာမဟုတ်ဘူးဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ကြောင်း ဆန်းစစ်လေ့လာ သူတွေက ပြောပါတယ်။
Ref: Biden rushing assistance to Ukraine, with aid uncertain under Trump
#PeopleMedia