• Follow Us on

Home ရိုင်းမက်တယ်ကုမ္ပဏီနဲ့ လီယိုနာဒိုကုမ္ပဏီတို့ တင့်ကားသစ် ပူးပေါင်းထုတ်လုပ်မည်

ရိုင်းမက်တယ်ကုမ္ပဏီနဲ့ လီယိုနာဒိုကုမ္ပဏီတို့ တင့်ကားသစ် ပူးပေါင်းထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၄

 

အီတလီတပ်မတော်အတွက် တင့်ကားတွေထုတ်လုပ်ပေးဖို့ ဂျာမန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ရိုင်းမက် တယ် ကုမ္ပဏီ (Rheinmetall) နဲ့ အီတလီ လီယိုနာဒိုကုမ္ပဏီ (Leonardo) တို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ် ကြောင်း အဆိုပါကုမ္ပဏီနှစ်ခုက ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၃ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

အီတလီတပ်မတော်အတွက် “ပင်မတိုက်ပွဲဝင်တင့်ကားသစ်” ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်သွားဖို့ နားလည်မှုစာချွန် လွှာ (MoU) လက်မှတ်ရေးထိုးခဲ့သလို အီတလီတပ်မတော်ကို လင်းက်စ် (Lynx) ခြေလျင်တိုက်ခိုက်ရေးသံချပ် ကာယာဉ်တွေကိုလည်း ထောက်ပံ့သွားမှာဖြစ်ကြောင်း အဆိုပါကုမ္ပဏီနှစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

 

အီတလီတပ်မတော်ရဲ့လိုအပ်ချက်အရ တိုက်ခိုက်ရေးသံချပ်ကာယာဉ်တွေနဲ့ ထောက်ပံ့ရေးစနစ်တွေကို လီယို နာဒိုကုမ္ပဏီက ဒီဇိုင်းရေးဆွဲ ထုတ်လုပ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီနှစ်ခုက ပြောပါတယ်။

 

ရိုင်းမက်တယ်ကုမ္ပဏီက မကြာသေးခင်ကပဲ ပန်သာတင့်ကားတွေကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့ပြီး ၎င်းတို့ကုမ္ပဏီ ရဲ့ နောက်ဆုံးထုတ် လင်းက်စ် (Lynx) သံချပ်ကာယာဉ်က အခြေခံနည်းပညာတွေကိုလည်း စီမံချက်နှစ်ခုစလုံး အတွက် ထောက်ပံ့ပေးခဲ့ပါတယ်။

 

ရိုင်းမက်တယ်ကုမ္ပဏီနဲ့ လီယိုနာဒိုကုမ္ပဏီတို့ကြား ပိုင်ဆိုင်မှုအကျိုးအမြတ်ခွဲဝေယူမယ့် ပူးတွဲကုမ္ပဏီကို အီတ လီနိုင်ငံမှာ အခြေစိုက်သွားမှာဖြစ်ကြောင်း ကုမ္ပဏီနှစ်ခုက ပြောပါတယ်။

 

အပြီးသတ်တပ်ဆင်မှုနဲ့ ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်းကိုလည်း အီတလီနိုင်ငံထဲမှာပဲ ဆောင်ရွက်သွားမှာလို့ ဆိုပါတယ်။

 

ကုမ္ပဏီနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မယ့်သဘောတူညီချက်ဟာ ဥရောပကာကွယ်ရေးနယ်ပယ်တစ်ခုရဲ့ တီ ထွင်ဖန်တီးမှုကို အခြေခံကျကျ အထောက်အကူပြုခြင်းဖြစ်ကြောင်း လီယိုနာဒိုကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ချုပ် ရောဘတ်တိုချင်ဂိုလာနီက ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောပါတယ်။

 

တင့်ကားအသစ်တွေဟာ ပြင်သစ်နဲ့ ဂျာမန်အစိုးရတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ဒီဇိုင်းရေးဆွဲထုတ်လုပ်တော့မယ့် အနာ ဂတ်ကာလ ပူးတွဲဥရောပတင့်ကားအတွက် အခြေခံနည်းလမ်းတွေကို ထောက်ပံ့သွားမှာဖြစ်ကြောင်း ကုမ္ပဏီ နှစ်ခုက ပြောပါတယ်။

 

လီယိုနာဒိုကုမ္ပဏီဟာ လီယိုပတ် ၂ တင့်ကားတွေထုတ်လုပ်ရာမှာ မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပါဝင်ဆောင်ရွက် ဖို့ ပြင်သစ်-ဂျာမန် စစ်လက်နက်ထုတ်လုပ်ရေးအုပ်စုဖြစ်တဲ့ KNDS ကုမ္ပဏီနဲ့ ပြောဆိုဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

 

ဒါပေမဲ့ စီမံချက်အစိတ်အပိုင်းဆောင်ရွက်မှု အစီအစဉ်နဲ့ ပတ်သက်ပြီး ကုမ္ပဏီနှစ်ခု သဘောတူညီမှုမရခဲ့တဲ့အ တွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့တဲ့ အဲဒီဆွေးနွေးမှုတွေကို ပြီးခဲ့တဲ့လက အဆုံးသတ်ခဲ့ကြောင်း KNDS ကုမ္ပဏီက ပြောပါတယ်။

 

Ref: Germany’s Rheinmetall and Italy’s Leonardo Plan Joint Tank Venture

 

#PeopleMedia


Share this post