ရုရှားစစ်သင်္ဘောသုံးစီး ဖိလစ်ပိုင်သို့ လာရောက်လည်ပတ်
PUBLISHED - April 10, 2019
တောင်တရုတ်ပင်လယ်အရေးကြောင့် တရုတ်နှင့် ဖိလစ်ပိုင်အကြား တင်းမာမူများမြင့်တက်နေစဉ် ရုရှားစစသင်္ဘောသုံးစီးသည် ဧပြီ ၈ ရက်က ဖိလစ်ပိုင်သို့ အလည်အပတ်ရောက်ရှိခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြခဲ့သည်။
ရုရှားရေတပ်မှ ရေငုပ်သဘောင်္ဖျက် ရေယာဉ်နှစ်စီးနှင့် ပင်လယ်ပြင် ဆီဖြည်ယာဉ်တစ်စီးတို့သည် ဖိလစ်ပိုင်သို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။
ယခုနှစ်အတွင်း ရုရှားစစ်ရေယာဉ်များ ဖိလစ်ပိုင်နိုင်ငံသို့ ဒုတိယအကြိမ်ရောက်ရှိလာခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မူများ ပိုမိုပြုလုပ်သွားမည်ဖြစ်သည်။
https://www.facebook.com/303185163868226/videos/400183204100659/