PUBLISHED - November 16, 2019
Ref; http://uawire.org/
(Unicode)
ရုရှားနဲ့ သဘောတူညီချက်မရရှိ၍ S-400 လွှဲပြောင်းမှုနှောင့်နှေးဟု တူရကီကြေညာ
…………………………………………………………
တူရကီနိုင်ငံကို ရုရှားက S-400 လေကာစနစ် ဒုတိယအသုတ်လွှဲပြောင်းပေးမှုဟာ နှစ်ဖက်သဘော တူညီချက်မရရှိတဲ့အတွက် နှောင့်နှေးမှုရှိနိုင်တယ်လို့ Defense News က ဖော်ပြခဲ့ပါတယ်။
နည်းပညာမျှဝေမှုကိစ္စရပ်တွေမှာ သဘောတူညီချက်မရရှိတဲ့အတွက် အခုလို နှောင့်နှေးနိုင်တာဖြစ် တယ်လို့လည်းသိရပါတယ်။
တူရကီနိုင်ငံဟာ ဒုတိယအသုတ်ရောက်ရှိမယ့် S-400 လေကာစနစ်ထုတ်လုပ်မှုကို ပူးပေါင်းဆောင် ရွက်ပြီး နည်းပညာမျှဝေဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
အခုနှောင့်နှေးမှုဟာ တူရကီအနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးကို ပြန်လည်အဆင်ပြေလို့တဲ့အတွက် ဖြစ်နိုင်တဲ့လို့ တူရကီရေးရာကျွမ်းကျင်သူတစ်ဦးက သုံးသပ်ထားပါတယ်။]
တူရကီဟာ ရုရှားက S-400 လေကာစနစ်ကို ဝယ်ယူခဲ့တဲ့အတွက် အမေရိကန်က F-35 တိုက်လေ ယာဉ်ထုတ်လုပ်ရေးစီမံကိန်းကနေ တူရကီနိုင်ငံကို ဖယ်ရှားထားပါတယ်။
Ref; http://uawire.org/
#PeopleMedia #International