PUBLISHED - December 13, 2019
Ref; newshub.co.
(Unicode)
ရုရှား၏ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘော မီးလောင်မှုဖြစ်ပွား၊ ၁ ဦးသေ
………………………………………………………………
ရုရှားနိုင်ငံရဲ့ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘော Admiral Kuznetsov မှာ ဒီဇင်ဘာ ၁၂ ရက်နေ့ မီး လောင်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်အမှုထမ်းတစ်ဦးသေဆုံးခဲ့ပါတယ်။
မီးလောင်မှုကြောင့် ဒဏ်ရာရသူ ၁၂ ဦး ရှိခဲ့တယ်လို့လည်းသိရပါတယ်။ ရုရှားလေယာဉ်တင် သင်္ဘောဟာ ပြုပြင် ထိန်းသိမ်းမှုတွေပြုလုပ်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
နာရီအနည်းငယ်အကြာမှာတော့ မီးကို ပြန်လည်ငြိမ်းသတ်နိုင်ခဲ့ပါတယ်။ သေဆုံးသူတစ်ဦးရဲ့ အလောင်းကို မီးငြိမ်းသတ်မှုပြုလုပ်နေစဉ်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရုရှားသတင်းမီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။
Ref; newshub.co.
#PeopleMedia