ရုရှားနိုင်ငံက အနှစ် ၃၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နျူကလီးယားလက်နက်တွေတပ်ဆင်ထားတဲ့ စစ် သင်္ဘောတွေကို ဘော်လတစ်ပင်လယ်အတွင်း တပ်ဖြန့်ချထား

PUBLISHED - February 15, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅
ရုရှားနိုင်ငံဟာ အနှစ် ၃၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နျူကလီးယားလက်နက်တွေတပ်ဆင်ထားတဲ့ စစ် သင်္ဘောတွေကို ဘော်လတစ်ပင်လယ်အတွင်း စတင်တပ်ဖြန့်ချထားလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ က ထုတ်ပြန်ခဲ့တဲ့ နော်ဝေထောက်လှမ်းရေးအစီရင်ခံစာတစ်စောင်မှာဖော်ပြထားပါတယ်။
အဲဒီစစ်သင်္ဘောတွေဟာ ရုရှားနိုင်ငံ မြောက်ပိုင်းရေတပ်အုပ်စုကသင်္ဘောတွေဖြစ်ကြောင်း၊ ဆိုဗီက်ခေတ်တုန်းက မြောက်ပိုင်းရေတပ်အုပ်စုသင်္ဘောတွေဟာ နျူကလီးယားလက်နက်တွေနဲ့အတူ ပုံမှန်လှည်လည်လေ့ရှိပေမဲ့ အခု ခေတ်သစ်ရုရှားဖက်ဒရေးရှင်းကတော အခုလိုတပ်ဖြန့်ချထားလိုက်တာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း အစီရင် ခံစာမှာ ဖော်ပြပါတယ်။
“မြောက်ပိုင်းရေတပ်အုပ်စုမှာပါတဲ့ ရေငုပ်သင်္ဘောတွေမှာရော ရေပြင်ပေါ်က စစ်သင်္ဘောတွေမှာရော နျူကလီး ယားလက်နက်တွေတပ်ဆင်ထားပါတယ်။ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေဆိုတာ နေတိုးအဖွဲ့ ဝင်နိုင်ငံတွေ ပါဝင်ပတ်သက်လာနိုင်ဖွယ်ရှိတဲ့ အနာဂတ်ကာလစစ်ဆင်ရေးတွေမှာ အထူးအလေးထားရမယ့် ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်။” လို့ နော်ဝေထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
ရုရှားနိုင်ငံဟာ နော်ဝေနဲ့ မဟာမိတ်နိုင်ငံအားလုံးကို ခြိမ်းခြောက်နိုင်တဲ့ ရေငုပ်သင်္ဘောလက်နက်တွေ၊ ဂြိုဟ်တု တိုက်ဖျက်ရေးလက်နက်တွေနဲ့ ဆိုင်ဘာတိုက်ဖျက်ရေး လက်နက်တွေကိုလည်း ပိုင်ဆိုင်ထားတယ်လို့ နော်ဝေ ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
“လက်ရှိဖြစ်ပွားနေတဲ့ ရုရှားနဲ့ အနောက်နိုင်ငံတွေကြားက တင်းမာမှုတွေအရ ရုရှားနိုင်ငံဟာ နေတိုးအဖွဲ့နဲ့ နော် ဝေနိုင်ငံတို့ကို နျူကလီးယားလက်နက်တွေနဲ့ အကြီးမားဆုံး ဆက်လက်ခြိမ်းခြောက်နေမှာပါပဲ။ ဒေသတွင်းစစ် ပွဲတစ်ခုကနေ ရုရှား၊ အမေရိကန်ပြည်ထောင်စုနဲ့ နော်ဝေနိုင်ငံတို့ ပါဝင်ပတ်သက်လာနိုင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ စစ် ပွဲတစ်ခု မဖြစ်ပွားနိုင်ဘူးလို့ ပြောလို့မရပါဘူး။” လို့ နော်ဝေထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
ရုရှားနိုင်ငံဟာ ၎င်းတို့ရဲ့နျူကလီးယားလက်နက်တွေကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်သလို ပိုမိုခေတ်မီပြီး ဖွံ့ ဖြိုးတိုးတက်လာအောင်လည်း ဆောင်ရွက်နေမှာဖြစ်ပေမဲ့ လာမယ့်နှစ်တွေမှာ ရုရှားရဲ့ နျူကလီးယားမူဝါဒနဲ့ပတ် သက်ပြီး သိသာထင်ရှားတဲ့မူဝါဒအပြောင်းအလဲတွေကို တွေ့မြင်ရမှာမဟုတ်ကြောင်း အစီရင်ခံစာမှာဖော်ပြထား ပါတယ်။
Ref: Russia deploying nuclear missile carriers in Arctic for first time since collapse of USSR, Norwegian intelligence reports
#PeopleMedia
(unicode)
……………………………………………..
Ref: Russia deploying nuclear missile carriers in Arctic for first time since collapse of USSR, Norwegian intelligence reports
#PeopleMedia