
PUBLISHED - November 30, 2019
Ref; http://uawire.org/
(Unicode)
ရုရှား Topol တိုက်ချင်းပစ်ပဲ့ထိန်းဒုံး မျှော်မှန်းထားသည့်အကွာအဝေးထက် ၆ ဆလျော့နည်း
…………………………………………………………
ရုရှားရဲ့ Topol တိုက်ချင်းပစ်ပဲ့ထိန်းဒုံး စမ်းသပ်မှုဟာ ကြေညာထားတဲ့ ပျမ်းမျှအကွာအဝေးထက် ၆ ဆလျော့နည်းပြီး ပျံသန်းခဲ့ပါတယ်။
ရုရှားက Topol တိုက်ချင်းပစ်ပဲ့ထိန်းဒုံးရဲ့ ရောက်ရှိနိုင်တဲ့ အကွာအဝေးဟာ ကီလိုမီတာ ၁၂,၀၀၀ လို့ ကြေညာထားခဲ့ပေမယ့် စမ်းသပ်ပစ်လွှတ်ရာမှာ ကီလိုမီတာ ၂၀၀၀ သာရောက်ရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ်တွေကတော့ စမ်းသပ်မှုအောင်မြင်ခဲ့တယ်လို့ ပြောကြားထားပါတယ်။
ရုရှားရဲ့ သတင်းမီဒီယာတစ်ခုကတော့ အခုစမ်းသပ်မှုဟာ ရုရှားရဲ့ တာလတ်ဒုံးထုတ်လုပ်မှုအပေါ် အမေရိကန် ရဲ့ စွပ်စွဲချက်ကို တုံ့ပြန်မှု တစ်စိတ်တစ်ဒေသဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
အမေရိကန်က ရုရှားရဲ့ 9M729 မစ်ဇိုင်းဟာ အကွာအဝေး ကီလိုမီတာ ၅၀၀ ကျော်အထိရောက်ရှိနိုင်တယ်လို့ စွပ်စွဲခဲ့ပြီး ရုရှားကတော့ မဟုတ်မှန်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
အမေရိကန်ဟာ အခုလို သဘောတူညီချက်နဲ့ နျူလက်နက်ထိန်းချုပ်ရေးသဘောတူညီချက် INF က နှုတ်ထွက် ခဲ့ပါတယ်။
Ref; http://uawire.org/
#PeopleMedia #International