ရုရှ၏ အာတိတ်ရေပေါ်နျူကလီးယားဓာတ်အားပေးစက်ရုံစီမံကိန်းကို နိုင်ငံတကာဝေဖန်

PUBLISHED - August 24, 2019
ရုရှနိုင်ငံဟာ ရေပေါ်နျူကလီးယားဓာတ်အားပေးစက်ရုံကို ရုရှနိုင်ငံ အနောက်မြောက်ပိုင်း အာတိတ်ဆိပ်ကမ်း မူရာမာ့ကနေ နိုင်ငံအရှေ့ပိုင်း ချူကော့ကာဒေသကို ရေကြောင်းက သယ်ဆောင်နေပြီဖြစ်ပါ
တယ်။
ကီလိုမီတာ ၅၀၀၀ ရေကြောင်းခရီးနှင်ပြီး ရောက်ရှိမယ့် ရေပေါ်နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ ချူကော့ကာဒေသကို လျှပ်စစ်မီးပေးနိုင် မှာဖြစ်တယ်လို့ ရုရှသက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး NGO အဖွဲ့အစည်း Greenpeace ကတော့ ရာသီဥတုဆိုးရွားတဲ့ အခြေအနေမှာ အန္တရာယ်များလှတဲ့ စီမံကိန်းဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။ Greenpeace နဲ့ နိုင်ငံတကာက ဝေဖန်သုံးသပ်သူတွေက ရုရှနိုင်ငံရဲ့ယခင် နျူကလီးယားမတော်တဆမှုဖြစ်ရပ်ကို ထောက်ပြသတိပေးခဲ့ပြီး အာတိသမုဒ္ဒရာကို ညစ်ညမ်းစေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်းဝေဖန်ခဲ့ကြပါတယ်။
ရုရှရေတပ်က နျူကလီးယားစွမ်းအင်သုံး အင်ဂျင်ပေါက်ကွဲမှုကြောင့် နျူကလီးယားအင်ဂျင်နီယာ ၅ ဦးသေဆုံးခဲ့တဲ့ မတော်တဆမှုဖြစ်ပွားခဲ့ပြီး သီတင်းနှစ်ပတ်အကြာမှာ ရုရှက အခုစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
Ref; AFP