ရုရှားကငြင်းပယ်ထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ယူကရိန်းဖိတ်ခေါ်
PUBLISHED - February 19, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၉
ဘင်္ဂလားဒေ့ရှ်စိုးရနဲ့ ရင်းနှီးတဲ့ ရုရှားနိုင်ငံက ပယ်ချထားတဲ့ ယူကရိန်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အ ကောင်အထည်ဖော်ရာမှာ ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ယူကရိန်းနိုင်ငံက ဖိတ်ကြားခဲ့ ကြောင်း ဒါကာထရီဗျူးမီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။
ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ မြူးနစ်လုံခြုံရေးအစည်းအဝေးရဲ့ ဘေးပန်းအစည်းအဝေးအဖြစ် စနေနေ့ (ဖေဖော် ဝါရီလ ၁၇ ရက်နေ့) က ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာနဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးအစည်းအဝေးမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ပါဝင်တက်ရောက်ဖို့ ဇီလန်စကီးက ဟာဆီနာကို ဖိတ်ကြားခဲ့ပါတယ်။
ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာဆက်ဆံပြီး ဘယ်ဘက်ကိုမှ အငြိုးထားခြင်း မရှိတာကြောင့် စစ်ပွဲတွေရပ်ဆိုင်းနိုင်ရေးအတွက် နည်းလမ်းတွေရှာဖွေဖို့ကိုသာ ရှိတ်ခ်ဟာဆီနာက နိုင်ငံအား လုံးကို တောင်းဆိုခဲ့ပါတယ်။
သမ္မတဇီလန်စကီးရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ “ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ နယ်နိမိတ် တည်တံ့ခိုင်မြဲရေးကို ထောက်ခံခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကို ကျေးဇူးတင်ရှိပါကြောင်း၊ ယူကရိန်း ရဲ့ကြိုးပမ်းမှုတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထောက်ပံ့မှုတွေကလည်း အရေးကြီးပါကြောင်း” ဖော်ပြထားပါ တယ်။
ရုရှားရဲ့ကျူးကျော်စစ်ကို ယူကရိန်းနိုင်ငံက ခုခံတိုက်ခိုက်နေရတဲ့အကြောင်း၊ စစ်မြေပြင်အခြေအနေများနဲ့ ယူက ရိန်းအဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေအပေါ် အခြေခံတဲ့ ယူကရိန်းရဲ့ ငြိမ်းချမ်းရေးအမြင်တွေကို ဇီလန်စကီးက ဟာဆီနာကို ပြောကြားခဲ့ပါတယ်။
“ယူကရိန်းသမ္မတဟာ ငြိမ်းချမ်းရေးအစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအစည်းအဝေးကို တက်ရောက်ဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံကို ဖိတ်ကြားခဲ့ပါတယ်။” လို့ ယူကရိန်းသမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပင်လယ်နက်ထဲမှာ ဂျုံတင်ပို့နိုင်ရေးလမ်းကြောင်းသစ်တစ်ခု ဖန်တီးနိုင်ဖို့အတွက် ယူကရိန်းနိုင်ငံရဲ့ ကြိုးပမ်းမှု တွေနဲ့ ပင်လယ်နက်ဒေသမှာ ငြိမ်းချမ်းစွာသွားလာနိုင်မှုကို ဟန့်တားနှောင့်ယှက်ဖို့ဆောင်ရွက်နေတဲ့ ရုရှားနိုင်ငံ ရဲ့ ကြိုးပမ်းမှုတွေအကြောင်းကို ဇီလန်စကီးက ဝန်ကြီးချုပ်ဟာဆီနာကို ပြောပါတယ်။
“ယူကရိန်းသမ္မတနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့ဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေးနယ်ပယ်မှာ အထူးသဖြင့် ယူကရိန်းလယ်ယာထုတ်ကုန်တွေ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့်အလား အလာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အစည်းအဝေးမတိုင်ခင်က ဘင်္ဂလားဒေ့ရှ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုချက်တွေ ထွက်ပေါ်လာပါတယ်။
အဲဒီတွေ့ဆုံပွဲဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန္ဒားမန်တစ်စကီက တနင်္လာနေ့က ပြောပါတယ်။
“ယူကရိန်းရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားက ပယ်ချခဲ့တာမှန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်-ရုရှား ဆက်ဆံရေးဟာ တိုးတက်နေမှာဖြစ်တယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” လို့ ၎င်း က ပြောပါတယ်။
ဇီလန်စကီးရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ အားနည်းချက်တွေပြည့်နှက်နေသလို သူတော်ကောင်းဟန်ဆောင် ထားပြီး ပကတိအရှိတရားနဲ့ ဆက်စပ်မှုကင်းမဲ့နေကြောင်း ရုရှားအစိုးရက တောက်လျှောက်ဝေဖန်ပြောဆိုခဲ့ပါ တယ်။
Ref: Zelensky invites Bangladesh to join Ukraine formula that Russia rejects
#PeopleMedia