ရုရှားကာကွယ်ရေးဝန်ကြီး မြောက်ဝင်ရိုးစွန်းဒေသ စစ်စခန်းတွေကို စစ်ဆေး
PUBLISHED - August 14, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၄
ရုရှားကာကွယ်ရေးဝန်ကြီးဟာ မြောက်ဝင်ရိုးစွန်းဒေသ (အာတိတ်စက်ဝန်း) မှာ တပ်ဖြန့်ချထားတဲ့ ရုရှားတပ် တွေနဲ့ မဟာဗျူဟာမြောက်ဒေသတွင်း စစ်ရေးပြင်ဆင်မှုတွေကို သွားရောက်စစ်ဆေးခဲ့ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာနက စနေနေ့ (သြဂုတ်လ ၁၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဆာဂျီရှိုင်ဂူနဲ့အတူ ရုရှား Rosatom နျူကလီးယား ကုမ္ပဏီ အကြီးအကဲဖြစ်သူ အလက်ဇီ လီခါချက်ဗ်လည်း လိုက်ပါခဲ့ပြီး ရုရှားနိုင်ငံရဲ့မြောက်ဘက်အစွန်ဆုံးက နိုဗာယာဇမ်လျာဒေသကို သွားရောက်ခဲ့ ကြတယ်လို့ ကြေညာခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဆိုဗီယက်ခေတ်က နျူကလီးယားစမ်းသပ်ကွင်းကိုစစ်ဆေးခဲ့ကြပြီး အဲဒီစမ်းသပ် ကွင်းဟာ ခေတ်မီစစ်လက်နက်ပစ္စည်းအသစ်တွေ စမ်းသပ်တဲ့နေရာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပေမဲ့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။
ယူကရိန်းနိုင်ငံဟာ အနောက်နိုင်ငံတွေကထောက်ပံ့တဲ့လက်နက်ခဲယမ်းတွေရရှိပြီးနောက် ကြိုတင်မျှော်လင့် ထားတဲ့တန်ပြန်ထိုးစစ်ကို ဇွန်လအတွင်းက စတင်ဆင်နွှဲခဲ့ပေမဲ့ ရုရှားရဲ့ ခုခံစစ်ကိုရင်ဆိုင်ရာမှာ ခရီးရောက် အောင် မနည်းကြိုးပမ်းနေရပါတယ်။
ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ယူကရိန်းစစ်ပွဲ မစခင်ကတည်းက မြောက်ဝင်ရိုးစွန်းဒေသမှာ ၎င်းတို့ စစ်အင်အားကို တိုးမြှင့်ထားခဲ့ပါတယ်။
ရုရှားအစိုးရဟ အဲဒီဒေသမှာ ဆိုဗီယက်ခေတ်က စစ်အခြေစိုက်စခန်းတွေကို ပြန်လည်ထူထောင်ပြီး လက်နက် ကြီးတွေနဲ့ S-400 ဒုံးကျည်တွေကိုလည်း တပ်ဖြန့်ချထားခဲ့ပါတယ်။
ဟိုက်ဒရိုကာဘွန်တွေပေါကြွယ်ဝတဲ့ အဲဒီဒေသကို ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရေခဲအရည်ပျော်မှုတွေကြောင့် ဥရော ပနဲ့ အာရှဒေသကြားထဲက အဓိကအရန်ပင်လယ်ရေကြောင်းလမ်းအဖြစ် ထားရှိထားတာလို့ဆိုပါတယ်။
အဲဒီဒေသဝင်ပေါက်နှစ်နိုင်ငံဖြစ်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့ကို ၎င်းတို့ရဲ့ လုံခြုံ ရေးခြိမ်းခြောက်မှုအဖြစ် ရုရှားနိုင်ငံက ရှုမြင်ထားပါတယ်။
ဖင်လန်နိုင်ငံဟာ ဧပြီလအတွင်းက နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး ဆွီဒင်နိုင်ငံကိုတော့ လာမယ့်လတွေအတွင်း မကြာခင်အချိန်မှာပဲ နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံတော့မှာဖြစ်ပါတယ်။
Ref: Russian Defense Minister Inspects Arctic Military Installations
#PeopleMedia